သဘာဝသစ်ခေါက်ဖြင့် အနုပညာဖန်တီးပုံဖော်ထားသည့် သဘာဝသစ်ခေါက်ပန်းချီအနုပညာပြပွဲ မန္တလေးတွင်ပြသ

0
188

သက်တမ်းရင့် သစ်ပင်ကြီးများ ရဲ့ သဘာဝသစ်ခေါက်ဖြင့် အနုပညာ ဖန်တီးပုံဖော်ထားတဲ့ သဘာဝသစ် ခေါက်ပန်းချီအနုပညာပြပွဲကို စက် တင်ဘာ ၉ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ မန္တလေးမြို့၊ မင်္ဂလာမန္တ လေး၊ အနုပညာလမ်းရှိ သီရိပန်းချီ ပြခန်းမှာ ကျင်းပခဲ့ပါတယ်။

”ကျွန်တော်ပန်းချီရေးတာ အ နှစ် ၄ဝ လောက်ရှိပါတယ်။ သဘာဝ သစ်ခေါက် ပန်းချီကို ရေးတာက အနှစ် ၃ဝ လောက်ရှိပြီ။ သစ်ခေါက် ပန်းချီကတော့ နိုင်ငံခြားသား ဧည့် သည်တွေနဲ့ လာမှာတဲ့သူတွေ ရှိမှပဲ လုပ်ပေးဖြစ်ပါတယ်။ ဒီပြပွဲမှာ ပြသ ထားတဲ့ သဘာဝသစ်ခေါက် ပန်းချီ တွေကို ပြသရောင်းချဖို့ထက် သဘာ ဝသစ်ခေါက်တွေကို အနုပညာ ပစ္စည်းအဖြစ် ဖန်တီးလို့ရတယ်ဆိုတာ ပြည်သူကို သိစေချင်လို့ ချပြတာပါ။ ဒီသဘာဝသစ်ခေါက်တွေဟာ နေပူ၊ မိုးရွာ၊ ရာသီဥတုဒဏ်ခံနိုင်တယ်။ ခြ မတက်ဘူး၊ ပိုးမကိုက်ဘူး။ သစ်ခေါက် တွေမှာ လှိုင်းတွေ ပုံသဏ္ဌာန်တွေ အမျိုးမျိုးရှိတယ်။ အဲဒီပုံသဏ္ဌာန်တွေ အတိုင်း တိုင်းတာဖြတ်ဆက်ပြီး နောက်ခံကို ပန်းချီရေးဆွဲ ဖန်တီး ထားပါတယ်။ နိုင်ငံခြားသားတွေက သစ်ခေါက်ပန်းချီကို အလွန်စိတ်ဝင် စားကြပါတယ်။ ကျွန်တော့်ဆီမှာ သစ်ခေါက် ပန်းချီ ပညာလာသင်တဲ့ ပြင်သစ်၊ ကိုရီးယား၊ ကနေဒါ၊ တရုတ် တွေလည်းရှိပါတယ်။ ပြည်တွင်းက သင်ချင်တဲ့ လူငယ်တွေကိုလည်း သင် ပေးနေပါတယ်”ဟု သဘာဝသစ် ခေါက် ပန်းချီပညာရှင် ဦးသန်းလှ အောင်က ပြောပါတယ်။

”ဒီပြပွဲမှာ ကျွန်တော်နဲ့ ကျွန် တော့ သမီးတပည့်ဖန်တီးပြုလုပ်ထား တဲ့ ပန်းချီကား ၆ဝ ပြသထားပါတယ်၊ မြန်မာနိုင်ငံမှာ ပထမဆုံး သဘာဝ သစ်ခေါက်ပန်းချီပြပွဲလည်း ဖြစ်ပါ တယ်။ ပန်းချီကားတွေ တန်ဖိုးကို အားလုံး လက်လှမ်းမီနိုင်တဲ့ဈေးဖြစ် အောင် ကျပ်ငါးသောင်းကနေ ကျပ် တစ်သိန်းအတွင်း သက်မှတ်ထားပါ တယ်။ ပန်းချီကားဝယ်ယူသိမ်းဆည်း ချင်တဲ့သူတွေအတွက် သင့်တင့်မျှတ တဲ့ ဈေးတစ်ခုအနေနဲ့ သတ်မှတ်ပေး ပြီး ရောင်းချပေးထားဖြစ်ပါတယ်” လို့ ပန်းချီဆရာ ဦးသန်းလှအောင်က ဆိုပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here