‘Special 9’ နဲ့ ပရိသတ်တွေ သတိထားမိလာဦးမယ့် သရုပ်ဆောင်သစ်ခိုင်မြတ်သဇင်

0
329

သရုပ်ဆောင်အသစ်တစ်ယောက် ဖြစ်တဲ့အတွက် သူပထမဦးဆုံးပါဝင် သရုပ်ဆောင်ထားတဲ့ ‘Special 9’ ရုပ်ရှင် ဇာတ်ကားကို ကြည့်ရှုပြီး ဝေဖန်ပေး ပါလို့ သရုပ်ဆောင် ခိုင်မြတ်သဇင်က ပြောပါတယ်။ ‘Special 9’ ထဲက သူအကြိုက်ဆုံးဇာတ်ဝင်ခန်းက …

” အဓိက အမှတ်တရဖြစ်တာကတော့ ညီမတို့နယ်စပ်တွေမှာ သွားရောက် ရိုက်ကူးရတာပေါ့။ အုပ်စုလိုက်ကြီး ခရီးတွေသွားရတယ်။ ပြီးတော့ Team Work တအားကောင်းတယ်။ လုံးဝအမှတ်တရပါ။ သင်္ဘောပေါ်မှာ ငိုတဲ့အခန်း လေးကိုတော့အကြိုက်ဆုံးပဲ”လို့ ခိုင်မြတ်သဇင်က ပြောပါတယ်။

သူပါဝင်သရုပ် ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းရုံတင်ပြသဖို့ရှိသေးတယ်လို့လည်း ခိုင်မြတ်သဇင်ကဆိုပါတယ်။ ညီမဖြစ်သူကလည်း ဟစ်ဟော့ပ်အဆိုတော်မလေး ပြုံးမြသွယ်ဖြစ်နေတော့ ခိုင်မြတ်သဇင်အနေနဲ့ ဘယ်ဘက်ကို သွားဖြစ်မှာလဲလို့ မေးတဲ့အခါ…

”အခုလောလောဆယ်တော့ သရုပ်ဆောင်တစ်ယောက်ရယ်၊ Photo Model တစ်ယောက်အနေနဲ့ပဲသွားဖို့ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here