မြန်မာနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုနိုင်ငံတကာ သိအောင် ပြသသွားမယ့်Miss Grand Myanmar 2018 အလှမယ်ဆုမြတ်ဖူး

0
201


Miss Grand Myanmar 2018 သရဖူဆုကို ရရှိထားသူကတော့ အလှမယ်ဆုမြတ်ဖူးဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ်အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် Miss Grand 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်ရမှာဖြစ်ပါတယ်။ Miss Grand 2018 ပြိုင်ပွဲကြီးအတွက် ဆုမြတ်ဖူးရဲ့ ပြင်ဆင်မှုကတော့…

”Miss Grand 2018 ပြိုင်ပွဲ ကြီးက အောက်တိုဘာလထဲမှာ ကျင်းပ တော့မှာ ဖြစ်တဲ့အတွက် ညီမအနေနဲ့ ပြင်ဆင်ဖို့အချိန်က တစ်လလောက်ပဲ ကျန်ပါတော့တယ်။ အစစအရာရာတော့ ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။ ခန္ဓာကိုယ်ပိုင်းကိုတော့ တော်တော်လေးအားရမှုရှိနေပါပြီ။ ဒါပေမဲ့ကိုယ့် ကိုယ်ကိုယ်တော့ အဆင်သင့်ဖြစ်နေပြီလို့ သတ်မှတ်ထားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေက Miss တွေလည်း လာရောက်ယှဉ်ပြိုင် ကြမယ်။ ကိုယ့်ထက်သာတဲ့ Miss တွေလည်း အများကြီးရှိမှာဖြစ်တဲ့အတွက် ပိုကောင်းအောင် အမြဲကြိုးစားနေမှာပါ။ ဒီနေ့ ဒီလောက်ကောင်းနေရင် နောက်နေ့ ဒီထက်ကောင်းအောင် ပိုကြိုးစားသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် တော့ မျှော်လင့်ထားတယ် ဆိုတာထက် ကိုယ်တတ်နိုင်သလောက် ကြိုးစား သွားမှာပါ။ ပရိသတ်တွေကလည်း ညီမကို ချစ်တဲ့စိတ်နဲ့ပဲဖြစ်ဖြစ် ဝေဖန်အား ပေးကြပါ။ မြန်မာနိုင်ငံမှာလည်း လုပ်မယ်။ မြန်မာဆိုတဲ့ စလွယ်ကိုလွယ်ထား ရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု တစ်ယောက်ဖြစ်တဲ့ ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Miss Grand International 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ အိမ် ရှင်အဖြစ်ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် သူ့အတွက်တာဝန် ပိုကြီးပါတယ် လို့ပြောလာတဲ့ အလှမယ်ဆုမြတ်ဖူး က . ..

”Miss Grand 2018 ပြိုင်ပွဲ ကြီးမြန်မာနိုင်ငံမှာ လုပ်ခြင်း အား ဖြင့် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းပိုင်းမှာလည်း ပိုပြီးတိုး တက်မှုဖြစ်လာနိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပြသခွင့်ရမယ်။ ပြီးတော့ မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ပြသခွင့် ရမယ်။ မြန်မာနိုင်ငံက နိုင်ငံ သူနိုင်ငံသားတွေက ဘယ်လို နွေးထွေးပျူငှာစွာ ဆက်ဆံ တတ်တယ်ဆိုတာကို တခြားနိုင်ငံက လူတွေသိ အောင် ပြသခွင့်ရမှာ ဖြစ်တဲ့အတွက် ညီမ တအားကို ပျော်နေပါ တယ်။ ကိုယ့်နိုင်ငံမှာ အိမ် ရှင်အဖြစ် ကျင်းပမှာဖြစ်တဲ့ အတွက်လည်း တအား တာဝန်ကြီးပါတယ်။ ညီမ အမှားလုပ်လို့ မရပါ ဘူး။ ညီမအမှားလုပ်မိ တာနဲ့ ညီမတစ်ယောက် တည်း မဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စား ပြုထားတဲ့အတွက် မြန်မာနိုင်ငံက တခြား လူတွေကိုပါ ထိခိုက်နိုင် ပါတယ်။ အဲဒါကြောင့် သူများထက်နှစ်ဆ ပို ကြိုးစားရမှာလည်း ဖြစ် ပါတယ်” လို့ပြောပြ ခဲ့ပါတယ်။

 

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here