ဇာတ်အနုအရွလေးတွေ ရိုက်ကူးချင်တယ်သရုပ်ဆောင်ထူးခြား

0
582

ဇာတ်ကောင်ကာရိုက်တာကြမ်း ကြမ်းတွေနဲ့ တစ်မူထူးခြားတဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုရရှိလာသူကတော့ ထူးခြားပဲဖြစ်ပါတယ်။ အခုလတ်တလောမှာ ဒါရိုက်တာကိုဂျိုးနဲ့ ‘အိုးဂန်း စတား’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ဂန်းစတား နေရာကနေ ပါဝင် သရုပ်ဆောင်နေပြီး MRTV-4 ကနေ ရိုက်ကူးတဲ့ ‘တတိယ မြောက်ဆုံမှတ်’ ဇာတ်လမ်းတွဲမှာလည်း ကိုမင်းဦး၊ ကိုနေမျိုးအောင် တို့နဲ့ တွဲဖက်ပြီး သူပုန်ခေါင်းဆောင်နေရာကနေ ပါဝင်သရုပ် ဆောင်ထားပါတယ်။ အနုပညာအလုပ်ဖြစ်တဲ့ သရုပ်ဆောင် တဲ့ပိုင်းမှာ အက်ရှင်ဇာတ်ကားတွေပဲ သရုပ်ဆောင်ဖြစ်တာ များတယ်။ ဇာတ်အနုအရွလေးတွေကော သရုပ်ဆောင်ဖို့ အစီအစဉ်ရှိလားဆိုတာကို ထူးခြားက…

”ဇာတ်အနုအရွ လေးတွေ ရိုက်ကူးချင်တာပေါ့ဗျာ။ နုချင်တာမှ ရွလို့။ ကျွန်တော့်ပုံစံကို ပရိုဂျူဆာတို့၊ ဒါရိုက်တာတို့က လာငှားရင် လူကြမ်းနေရာပဲ။ လူကြမ်းနေရာမျိုးဆိုရင် ကျွန်တော့်ကိုပဲ ပြေး ပြေးမြင်နေကြတယ်။ လူကြမ်းတစ်ယောက်ရဲ့ ဒဏ္ဍာရီ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတုန်းကလည်း ကျွန်တော် ကားကြိတ်ခံ ရတယ်။ သေသွားရင် ပြဿနာမရှိဘူး။ ကျိုးနေရင် ဝှီးချဲနဲ့ဆို ဘယ်သူမှ တင်ကျွေးထားမယ် မထင်ဘူး။ ကျွန်တော်လည်း ဇာတ်အနုအရွ လေးတွေ ရိုက်ကူးချင်တယ်။ အခွင့်အရေးပေးရင်တော့ ရိုက်ကူးရ မှာပါ”လို့ ပြောပြခဲ့ပါတယ်။ အခုဆို ဗီဒီယိုဈေးကွက်က ပျက်စီးသလောက် နီးပါး ရှိနေပြီ။ ကိုထူးခြားကကော ဗီဒီယိုလောကအပေါ် ဘယ်လိုမြင်မိ လဲဆိုတာကို မေးကြည့်တဲ့အခါမှာ…

”ကျွန်တော်ကလည်း ဗီဒီယို လောကကနေ တက်လှမ်းလာတဲ့ သရုပ်ဆောင်တစ်ယောက်၊ ဗီဒီယိုလောက ဒီလိုမျိုးဖြစ်သွားတော့ ဇာတ်ပို့ကြီးတွေ တကယ့်လူကြမ်းထဲက အစ်ကိုတွေဆိုရင် တအားထိခိုက်တယ်။ ကျွန်တော်တို့ အနု ပညာလောကက လူတိုင်း မင်းသားမဖြစ်နိုင်ဘူး။ လူတိုင်း ဇာတ်ပို့၊ လူကြမ်းလုပ်လို့ မရဘူး။ ဗီဒီယိုလောကကြီး ဒီလိုမျိုး ပျက်စီးသွားတော့ ကျွန်တော်တကယ်စိတ်မကောင်း ဘူး”လို့ လည်းထူးခြားကပြောပြခဲ့ပါသေးတယ်။ အခုအချိန်မှာ အနုပညာလောကက ကိုယ့် အုပ်စုနဲ့ ကိုယ်ဖြစ်နေတယ်ဆိုပြီး သတင်း တွေ ထွက်နေကြတဲ့ အပေါ်ကိုထူးခြားကကော ကိုယ့်အနုပညာလောကကို ဘယ်လိုမျိုးလေး ဖြစ်စေချင်လဲဆိုတာကို ”ကျွန်တော်တို့ အနု ပညာလောကကို ကျွန်တော်တို့ တန်ဖိုးထားရ မယ်။ ကျွန်တော်တို့အနုပညာလောကက ရေ ကြည့်လိုက်ရင် လူအယောက် ၁ဝဝဝ တောင် မပြည့်ဘူး။ စည်းစည်းလုံးလုံးလေးဖြစ် စေချင် တယ်။ ကျွန်တော်လည်း ဘာကောင်မှ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ လောကကို ကျွန်တော်တို့ တန်ဖိုးထားမှ သူများတွေလည်း တန်ဖိုးထား မယ်။ ဟာဒီကောင်တွေ လောကကိုထိလို့မရ ပါလား။ မကောင်းပြောလို့ မရပါလား။ ကျွန်တော်ကတော့ အဲဒီလိုဖြစ် စေချင်တာ ပေါ့ဗျာ”လို့လည်းထူးခြားကပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here