ညီမဖြစ်သူနဲ့ သီချင်းတွေ အတူဆိုဖို့ စီစဉ်ထားတဲ့ဘီလီလမင်းအေး

0
296

အဆိုတော် ဘီလီလမင်းအေးကတော့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ‘အရှုံးမပေးတဲ့ ဝိညာဉ်’ တေးစီးရီးထွက်ရှိခဲ့ပြီးလက်ရှိမှာလည်း ပရိသတ်အတွက် သီချင်းအသစ်တွေလည်း စီစဉ်နေပြီဖြစ်ပါ တယ်။ ‘အရှုံးမပေးတဲ့ဝိညာဉ်’ တေးစီးရီးထဲက သီချင်းတွေကို MTV ရိုက်ကူးဖို့လည်း ရှိတယ်ဆိုတဲ့ ဘီလီလမင်း အေးက …

”အခု သီချင်းခွေအသစ်တွေ လည်း လုပ်နေပါတယ်။ ဒီသီချင်းခွေ ကကျတော့ သီချင်းဟောင်းတွေပြန်ပါ တယ်။ အသစ်တွေလည်းပါတယ်။ အသစ်ကကျတော့ လေးပုံတစ်ပုံ လောက်ပဲ ပါတယ်။ အရင်တုန်းက တအားအောင်မြင်ခဲ့တဲ့ သီချင်းဟောင်းတချို့လည်းပါတယ်။ အဲဒါကြောင့် ဒီသီချင်းတွေကို ပြန်ဆိုရ တဲ့အခါမှာ ဖူးအတွက် တာဝန် ကြီးသလို ဒီခေတ်ဒီအခါနဲ့ လူငယ်တွေ ကြိုက်အောင် ပြန်ဆိုရတဲ့အတွက် ခက်ခဲပါတယ်”လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာအဆိုတော်တွေအနေ နဲ့ သီချင်းခွေထွက်တာထက် Single Song တွေ လုပ်ကြတာ များတယ်။ Single Song တွေ လုပ်သွားဖို့ ရှိ လားလို့ မေးကြည့်တဲ့အခါမှာတော့ ဘီလီလမင်းအေးက …

”ဖူးလည်း နောက်ပိုင်းမှာ Single Song တစ်ပုဒ်ချင်းစီ ပြုလုပ်သွားဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အခုနောက်ပိုင်းက သီချင်းခွေ ထွက်တာထက် Online မှာ နားထောင်တာများလာကြတယ်။ ပရိ သတ်အတွက် ဥူငညနမှာလည်း သီချင်းတွေတင်ဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ လူငယ်ပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာရပ်တည်နေသူပါ။ အောင်မြင်မှု ဆိုတာကိုကော ဘယ်လိုခံယူထားလဲလို့ မေးမြန်းခဲ့ရာ …

”ကိုယ်ရောက်နေတဲ့ အနေအထားမှာတော့ ဖူးသည် အခုမှ အလံတိုင်တစ်ခုစိုက်ထူထားတာပဲ ရှိသေး တာပေါ့နော်။ သီချင်းတွေပေါက်ဖို့လည်းဖူးလုပ်ရဦးမယ်။ ဖူးပရိသတ် အတွက် နေ့တိုင်း ကြိုးစားနေပါတယ်။ အောင်မြင်မှုကို ရဖို့ကတော့လူတိုင်းကြိုးစားနေကြတာပေါ့နော်။ အောင်မြင်မှုကို ရဖို့ဆိုတာလည်း တအားကို ခက်ခဲပါတယ်။ ဖူးဆိုတာလည်း ဒီနေရာမှာ ရပ်တည်နိုင်တာတစ်ခုပဲရှိသေးတာပေါ့နော်။ အောင်မြင်မှု နောက်ကို လိုက်ဖို့၊ အောင်မြင်ဖို့ အတွက် ကြိုးစားနေရဆဲပါပဲ”လို့ လည်း ပြောပြခဲ့ပါတယ်။

ဘီလီဆုသံသာဆိုတဲ့ ချစ်စရာ ညီမလေးတစ်ယောက်ကိုလည်း ပိုင် ဆိုင်ထားတဲ့သူ့ကို ညီမလေးနဲ့အတူ သီချင်းတွေလုပ်ဖြစ်မလားလို့လည်း ဆက်လက်မေးမြန်းဖြစ်ခဲ့ပါတယ်။

”ညီမလေးကလည်း သီချင်းဆို ရတာကြိုက်တယ်။ နောက်ပိုင်းလည်း သူနဲ့အတူ သီချင်းလေးတွေ လုပ်ဖို့ စီ စဉ်ထားတာလည်းရှိပါတယ်။ ဘယ် အချိန်ထွက်လာမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ သူကတော့ ဂီတနဲ့ပတ်သက်ရင်အဆိုထက်အတီးကို ပိုဝါသနာပါတယ်။ ပီယာနို တီးတာ ပိုပြီးအားသာတယ်။ ပြီးတော့ သူက တအားလည်း အေးတယ်။ လူလည်း တအားကြောက်တတ်တယ်။ ဒါပေမဲ့ အနုပညာသွေးကတော့ ပါ တယ်”လို့လည်း ဘီလီလမင်းအေးက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here