Valentine’s Day အမီDuet Albumထွက်ဦးမယ့်ဖြူဖြူကျော်သိန်း

0
113

ဒီတစ်ခါ ဖြူဖြူနဲ့ အတွဲအဖက်က ဂီတလောကထဲမှာ ကာလအတန်ကြာ ပျောက်နေခဲ့တဲ့ ဂီတသမားတစ်ဦးပါ။ Duet Album တစ်ခွေလုံးကိုလည်း သူပဲ ရေးပေးထားတယ်လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

”၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်း Valentine’s Day အမီလောက်ကို ဖြူဖြူနဲ့ Cobra ရဲ့ နောက်ထပ် Duet Album တစ်ခုထွက်ဖို့ရှိပါတယ်။ တစ်ခွေလုံး ကတော့ ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ Cobra တစ်ယောက်တည်း ရေးပါ တယ်။ သူနဲ့ ဖြူဖြူနဲ့ Duet သီချင်း ၂ ပုဒ်ပါမယ်။ သူ့ Solo ၄ပုဒ်နဲ့ ဖြူဖြူ့ ၄ ပုဒ်ပါပါမယ်။ နောက်ထပ် Project အသစ်လေးတွေ လုပ်ထားတာလည်း ရှိပါတယ်”လို့ သူက ပြောပါတယ်။

ဂီတလောကထဲမှာ ၁၅ နှစ်တိုင် ဖြတ်သန်းလာခဲ့တဲ့ မဖြူလို ဂီတသမားတစ်ဦးအဖို့ ပါရမီ၊ Talent၊ အနေအထိုင်၊ အပြောအဆို အကုန် ကောင်းမွန်နေတာတောင် တစ်ခါတလေကျရင် ဝေဖန်မှုဆိုတာ ရှိတတ်ပါတယ်။ ဒါဟာ လောကသဘာဝပါပဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းဆိုတာ ဒွန်တွဲနေတာကိုး။ ဝေဖန်တိုက်ခိုက်လာမှုတွေအပေါ် ဖြူဖြူက ဘယ်လိုခံယူချက်နဲ့ ဖြတ်သန်းလဲ ဆိုတာကိုတော့…

”အားလုံးကို ပေါ့ပေါ့ပါးပါးပဲ သဘောထားတယ်။ ဘာပဲကြုံလာ၊ ကြုံလာ ပေါ့။ အခက်အခဲပဲဖြစ်ဖြစ်၊ အနှောင့်အယှက်ပဲဖြစ်ဖြစ် ဘယ်လိုပဲကြုံကြုံ ဖြူဖြူ အဲဒါအားလုံးကို ဦး နှောက်နဲ့ပဲဖြေရှင်းတယ်။ လူတိုင်း ဦးနှောက်နဲ့တော့ ဖြေရှင်းတာပေါ့လေ။ ဒါပေမဲ့ နည်းလမ်းကျကျ Logic နဲ့ပဲ ဖြူဖြူသွားတယ်။ ဦးနှောက်နဲ့ ဥာဏ်နဲ့ ယှဉ်ပြီးတော့ပဲ ဖြူဖြူသွားတယ်။ စိတ်ထဲမှာ တနုံ့နုံ့ခံစားပြီး တော့ Personally တွေးတယ်ဆိုတာ မရှိဘူး။ မူလတန်း၊ အလယ်တန်း၊ ဆေး ကျောင်းတောက်လျှောက် ၇ နှစ်စလုံး သင်ပေးလိုက်တာက Logic နဲ့ စဉ်းစားတတ်ဖို့ပဲ သင်ပေးလိုက်တဲ့ အခါကျတော့ ဘာကြုံလို့ရှိရင်ဘာ၊ သူ့ဟာ နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ သွားတာပဲလေ။ ဖြူဖြူ့အတွက်ကတော့ အကုန်လုံး က ရှင်းနေတာပဲ။ ကိုယ့်အတွက် နည်းနည်းလေးပိုခက်ခဲမယ်ဆိုတဲ့ အရာမျိုး တွေရှိမယ်ဆိုလို့ရှိရင် ဘုရားရှိခိုးတယ်။ ကျမ်းစာဖတ်တယ်။ မိဘ၊ ဆရာ သမား၊ ကိုယ့်ထက်ဥာဏ်ကောင်း တဲ့သူ၊ ဘဝအတွေ့အကြုံရှိတဲ့ သူ၊ ကိုယ့်အပေါ် မေတ္တာ စေတနာထားတဲ့သူ၊ ကိုယ့် အပေါ်ကောင်းတဲ့သူတွေ ကို တိုင်ပင်ဆွေးနွေးတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here