ငှက်သိုက်ရှာ နေတဲ့သစ်ပင်

0
112

ကမ္ဘာကြီးရေလွှမ်းမိုးစဉ် နောဧ သင်္ဘောပေါ်က မြေကြီးအရှာ လွှတ်လိုက်တဲ့ငှက်ငယ် ရက်အတန်ကြာ မှာ သစ်ရွက်သစ် တစ်ရွက်ကိုက်ချီ ပြီး နောဧသင်္ဘောဆီပြန် ပျံသန်းလာ ပုံကို သတိရမိတယ်။ ကမ္ဘာပေါ်၌ မြေကြီးအသစ်ပေါ်လာပြီဖြစ် ကြောင်း ငှက်က သတင်းကောင်း ယူလာခြင်းဖြစ်ပါတယ်။ မြေကြီးရှိ ကြောင်း သက်သေက သစ်ရွက်။

မဟာအောင်မြေ မြို့နယ်က ထုတ်ဝေတဲ့ ‘ပေးလက်သို့ …အ လွမ်းစာစုများ ..’ကဗျာစာအုပ်က လေးထွက်တဲ့နေ့က ကျွန်တော်သတိ ရတာ ရေလွှမ်းမိုးခြင်း၊ နောဧသင်္ဘော နဲ့ ငှက်၊ သစ်ရွက်။

စာအုပ်ကလေးမှာ စာရေးသူ ကဗျာရေးသူ ၃၈ ဦးရဲ့ အလွမ်းစာစု တွေ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က နောဧ သင်္ဘောလာလို့ ငှက်က သစ်ရွက် လိုက်ရှာတာမျိုးတော့ မဟုတ်ဘဲ သစ် ပင်က ငှက်လိုက်ရှာတာမျိုးလို့ပဲ ဆို ချင်လှပါတယ်။ ကဗျာစာအုပ်ကလေး မှာ ကွယ်လွန်သူဆရာကြီးဦးရာစိုး …သို့ ပူဇော်ဧကျူးသော စာစုလို့ ဆိုချင်ပါတယ်။

စာအုပ်ကလေး စဖွင့်လိုက်တော့ ဆရာကြီးရဲ့ သမီးကြီးဖြစ်သူက သူ့ အဖေကိုင်ခဲ့တဲ့ တုတ်ကောက်ကလေး နဲ့

” …အခုတော့
အလွမ်းတွေ အများကြီးနဲ့
အဖေ့အရိပ်ကင်းတဲ့
ကောင်းကင်ပူအောက်
အဖေ့တုတ်ကောက်ကလေးနဲ့ သမီး ဖြည်းဖြည်းချင်း
လမ်းလျှောက်နေပါတယ်…လို့ ရေးဖွဲ့ခဲ့သလို ဆရာကြီးရဲ့ မြေးဖြစ်သူ သက်ထားမွန် (အလယ်တန်းကျောင်း သူ)ကလည်း
”ကျန်းမာရေးလျှင်၊ ချို့တဲ့သည်ပင်
ငါတို့ပျော်ရန်၊ နစ်နာခံသည်
လည်ပတ်ကားစီး၊ ကစားဖော်ကြီး တာဝန်မကျေ၊ပေတေသော်ငြား
မိဘတိုက်မည်၊ သူစိုးရိမ်သည်
ရှေ့က ကာဆီး၊ ဒိုင်းကာကြီး…”လို့ သူ့အဘိုးနဲ့ပတ်သက်ပြီး ကလေး တစ်ယောက်ရဲ့ခံစားချက်ကို လှလှ ပပဖော်ပြနိုင်တာတွေ့ရတယ်။
လူမှုသစ်ပင်
သူ့အပွင့်ကို ..ပန်လိုက ပန်ကြ
သူ့ကိုယ်ပေါ် ..နားလိုက နားကြ
သူ့ပခုံးပေါ် ..ကစားလိုက
ကစားကြ
သူ့အသီးလို ..စားလိုက စားကြ
သူ့မြင့်မြတ်မှု မကြေညာလိုက နေကြ
သူ့အားနည်းချက် ..ထိုးနှက်လိုက ထိုးနှက်ကြ
သူ …ခွင့်လွှတ်ပကတိ နကမ္ပတိ အေးဆေး။
သူ ငှက်တွေရဲ့ ဒုက္ခကို နားလည်တဲ့
ရုက္ခဗေဒဆိုင်ရာ
အထူးပြု လူမှုသစ်ပင်
ဒီလူမှုသစ်ပင်ဟာ ..
အရိပ်တစ်သောင်းကို ထွေးခါပွေ့ခါနဲ့
ခုနှယ်ခါ …
သံသရာကို …
ငှက်အရှာထွက်သွားပါပြီ …။ ။
ဟုတ်။ ကမ္ဘာကြီးရေလွှမ်းမိုးစဉ်၊ နောဧသင်္ဘောပေါ်က မြေကြီးအရှာ ထွက်သွားတဲ့ ငှက်ငယ် သစ်ရွက်ကိုက် ချီပြန်လာသလိုမျိုး၊ ကျွန်တော်တို့ အားလုံးရဲ့ လူမှုသစ်ပင်ကြီးဟာ (မြေ ကြီးက ရှိပြီးသားမို့) ငှက်တွေကို ပခုံးပေါ်တင်ပြီး ကျွန်တော်တို့ဆီ …ပြန်လာရင် …ပြန်လာခဲ့ရင် …

ကိုငြိမ်း(မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here