မီးခြစ်ဆံကလေးတစ်ချောင်း

0
306

မီးခြစ်ဘူးထဲမှာ မီးခြစ်ဆံကလေး တစ်ချောင်းရှိသည်။ နောက် ဆုံးလက်ကျန် မီးခြစ်ဆံကလေးဖြစ် သည်။ သင်သည် မီးခြစ်ဘူးကို ကိုင် ၍လှုပ်ယမ်းကြည့်လျှင် ဂလောက် . ..

ဂလောက်ဟု မြည်သံကို ကြား နိုင်သည်။ မီးခြစ်ဆံကလေး၏ ထိပ် ပိုင်းတွင် ယမ်းသီးငယ်ကလေး ဥနေ သည်ကို မြင်ရလိမ့်မည်။ ယင်းသည် မီးတောက်ရန်အလို့ငှာ ဖွဲ့စည်းထား ခြင်းဖြစ်သည်။ မီးခြစ်ဘူး၏ ဘေး တစ်ဖက်တစ်ချက်စီတွင် ယမ်းမျက် နှာပြင်ငယ် တစ်ခုစီရှိသည်။ ယင်း သည် မီးတောက်ခြင်းကို အကူအညီ ပေးရန် ပြုလုပ်ထားခြင်းဖြစ်သည်။

ယခုတစ်ဆံတည်းသာ ကျန်ရှိခဲ့ သော မီးခြစ်ဘူးကို ပိုင်ဆိုင်ခဲ့သူမှာ အဘိုးအိုတစ်ယောက်ဖြစ်သည်။ အဘိုးအိုသည် ယခုနှစ်ဆောင်းရက် များက အအေးမိကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ယခု မီးခြစ်ဘူးကို အဘိုး အို၏ အခန်းထဲတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ မီးခြစ်ဘူးကလေးသည် နွေရက်များထဲ၌ ခြောက်သွေ့ငြိမ် သက်စွာဖြင့် ရှိနေသည်။ အဘိုးအို သေဆုံးကွယ်လွန်ခဲ့သော အခန်းကို အမြဲတစေ တံခါးပိတ်ထားသည်။ အဘိုးအိုသည် သူ၏ အခန်းထဲတွင် မကျွတ်မလွတ်ဘဲ ရှိနေဆဲပင်ဖြစ် သည်ဟု အချို့ကဆိုသည်။ တိတ် ဆိတ်နေသော အချိန်များတွင် အဘိုး အိုအခန်းဆီမှ တဟင်းဟင်း ညည်း နေသံများကို ကြားနေရတတ်သည်ဟု အချို့ဆိုသည်။ အချို့ကမူ အဘိုးအို ၏ ညည်းညူနေသံမဟုတ်၊ အခန်း မျက်နှာကြက်ထဲရှိ ခိုတစ်ကောင် ညည်းနေခြင်းသာဖြစ်သည်ဟုဆို သည်။ တစ်စုံတစ်ယောက်သည် ထို အခန်းတံခါး သွား၍ခေါက်လျှင် အထဲမှ ချောင်းဆိုးသံ ထွက်ပေါ်လာ တတ်သည်ဟုလည်း ဆိုကြသည်။ အချို့ကမူ မယုံကြည်ကြ။

မည်သို့ပင်ဖြစ်စေ အဘိုး အို၏ ခုတင်ဘေးရှိ စားပွဲခုံပုကလေးပေါ် တွင် မီးခြစ်ကလေးကို လူတချို့ တွေ့ ရှိခဲ့ကြသည်။ မီးခြစ်ဘူးကလေး ထဲတွင် နောက်ဆုံးလက်ကျန် မီးခြစ် ဆံကလေးတစ်ခု။ သင့်အနေနှင့် မီး ခြစ်ဘူးကို ဖွင့်မကြည့်ပါနှင့်။ ဖွင့် ကြည့်မိပြီးလျှင် မီးခြစ်ဆံကို ထုတ် ယူကာ မခြစ်မိပါစေနှင့်။ အကယ်၍ ထိုနှစ်ခုစလုံးကို သင်ပြုလုပ်မိပြီဆိုလျှင် မီးခြစ်ဆံကို ယောင်ပြီး လွှင့်မပစ်ပါနှင့်။ အဘိုးအိုသည် သူ၏ နောက်ဆုံး နေ့ရက်များကို တစ်ကိုယ်တည်း ဖြတ်သန်းခဲ့သည်။ သူ မလှုပ်ရှားနိုင်။ သူ အအေးမိသည်။ သူ ကွယ်လွန်သည်။ နောက်ဆုံးရရှိခဲ့သော သတင်းများအရ အဘိုးအို၏ အခန်းအတွင်းမှ ရရှိသော မီးခြစ်ဆံ ကလေးတစ်ချောင်းကို လေလံတင် ရောင်းချခဲ့ရာတွင် ကယ်လီ ဖိုးနီးယားမှ အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာတစ်သန်းပေး၍ ဝယ်ယူသွားခဲ့ကြောင်း သိရသည်။ လေလံဆွဲသူတစ်ယောက်က တန်ပါတယ်ဗျာဟု မှတ်ချက်ပြုသည်။

ထိုမီးခြစ်ဆံကလေးကို အဘိုးအို၏ အမည်အား အစွဲပြု၍ ကင်မီးခြစ်ဆံဟု ခေါ်တွင်ကြကြောင်းနှင့် ယနေ့ ထက်တိုင် လုံခြုံ စိတ်ချရသော နေရာတွင် ကောင်းမွန်စွာ သိမ်းဆည်းထားကြောင်း သိရှိသူတို့၏ တစ်ဆင့်ပြော စကားများမှကြားသိရပါသည်။ နှစ် များလွန်ခဲ့သောအခါ ထင်းရှူးသားနှင့် ပြုလုပ်ထားသော ထိုမီး ခြစ်ဆံကလေးတစ်ချောင်းကို လူတွေ မေ့လျော့သွားခဲ့ကြပြီဖြစ် သည်။ ဤမျှသာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here