ဝမ်းနည်းနေတဲ့အချိန်၊ အားငယ်နေတဲ့အချိန်သူကျွန်တော့်အနားမှာ နေပေးတယ်ရွှေထူး

0
242

တစ်ဖက်က နိုင်ငံကျော်အဆိုတော်၊ တစ်ဖက်က နိုင်ငံကျော်မင်းသမီး။ ဒါတွေကြောင့်လည်း သူတို့ရဲ့ အချစ်ရေးက လူစိတ်ဝင် စားခံရသလို ဝေဖန်တိုက်ခိုက် မှုတွေလည်း ခံရတာလို့ သုံးသပ်ရမှာပါ။ အထူးသဖြင့် ရွှေထူးပေါ့။ သူ့ကို သဲသဲလှုပ်ချစ်ကြ၊ အားပေး ကြတဲ့ ပရိသတ်တွေလည်း ရှိသလို တိုက်ခိုက်သူတွေကလည်း သိပ်များတယ်။ အချစ်ရေးနဲ့ ပတ်သက်တော့ ပိုဆိုးတာပေါ့။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရွှေထူးလည်း သိပါ တယ်။ ရွှေထူးက…

”ကျွန်တော်တို့ အချစ်ရေးနဲ့ ပတ်သက်လို့ ချစ်တဲ့သူပဲဖြစ်ဖြစ်၊ မုန်းတဲ့သူပဲဖြစ်ဖြစ် အားလုံးကို ကျွန်တော် နားလည်ပါတယ်။ တချို့ ပရိသတ်တွေဆိုလို့ရှိရင် ကရုဏာ ဒေါသောနဲ့ ပြောမှန်းလည်း ကျွန် တော်သိပါတယ်။ သူတို့အနေနဲ့က ကျွန်တော့်ကို မြင်လာတဲ့ပုံစံက တစ် မျိုးလေ။ ဆိုတော့ သူတို့အနေနဲ့လည်း ခံပြင်းမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့လည်း ဘယ်လို ပြောရမလဲ။ ကျွန်တော့်စိတ်ကို ကျွန်တော်နားလည်ဆုံးပဲ။ တစ်ခါတလေမှာ ကျွန်တော်စိတ်ချမ်းသာဖို့ ကျွန်တော် ဦးစားပေးလိုက်တယ်။ ဒါပါပဲ။ အဲဒီတော့ ပြောစရာရှိရင်တော့ ကျွန်တော့်ကိုပဲပြောပါ။ ကျွန်တော့် မိသားစုနဲ့လည်း မဆိုင်သလို ဘယ်သူနဲ့မှမဆိုင်ပါဘူး။ ကျွန်တော့်ကိုပဲပြော၊ ကျွန်တော့်ကိုပဲ ဆဲပါ။ ကျွန်တော်ပဲ ခံပါမယ်။ အဓိက က ကျွန်တော့်အနုပညာကို အားပေးတဲ့ပရိသတ်တွေရှိနေသရွေ့ ၁ဝ ယောက်ရှိ အဲဒီ ၁ဝယောက်အတွက် ကျွန်တော် သီချင်းဆက်ဆိုမယ်။ ၅ယောက်ရှိ ၅ယောက်အတွက် ကျွန်တော်သီချင်းဆက်ဆိုမယ်။ ဒါပါပဲ။ အရင်ကတည်းကလည်း တစ်ယောက်မှ မရှိတဲ့ဘဝကနေ လာခဲ့တာဆိုတော့ တစ်ယောက် လောက်ရှိလည်း ကျွန်တော် သီချင်းဆက်ဆိုနေဦးမှာပါ။ ဒါပါပဲ” လို့ ပြောပါတယ်။

ချစ်သူမင်းသမီးရဲ့ ချစ်စရာကောင်းတဲ့အချက်လေးတွေကိုလည်း ရွှေထူးကို မေးဖြစ်တော့…

”အဓိကက ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်ဗျ။ ပြီးတော့ ကျွန်တော် ဘာဖြစ်ချင်လဲ။ ဘာလုပ် ချင်လဲဆိုတာကို သူသိတယ်။ ကျွန် တော့်စိတ်ကို သူနားလည်ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်ဝမ်း နည်းနေတဲ့အချိန်၊ ကျွန်တော်အား ငယ်နေတဲ့အချိန် သူကျွန်တော့်အနား မှာနေပေးတယ်” လို့ သူကပြောပါတယ်။
ဝိုင်းဝန်းပြောဆိုဝေဖန်တိုက် ခိုက်ကြတဲ့အခါဘယ်လို ခွန်အားတွေနဲ့ ရှေ့ဆက်ဖြစ်လဲဆိုတဲ့အပေါ်ကို ရွှေထူးက….

”ကျွန်တော်က တက်တူးတွေနဲ့သာ ဂျစ်ကန်ကန်၊ အချိုးမပြေတဲ့ပုံစံထင်ရတာ။ ဒါပေမဲ့ ကျွန်တော်ကနည်းနည်းဝမ်းနည်းတတ်တယ်။ ကျွန်တော်တအားခံစားတတ်တယ်။ သူများတွေဝိုင်းပြောနေကြလို့ ကျွန်တော်မခံစားတတ်ဘူးလားမထင်ပါနဲ့။ ကျွန်တော်ခံစားတတ်ပါတယ်။ ကျွန်တော်အဲဒါတွေ အကုန် လုံးလည်းကြည့်ပါတယ်။ ကျွန်တော် ဝမ်းနည်းပါတယ်။ ဒါပွင့်ပွင့်လင်း လင်းပြောပြတာပါ။ ကျွန်တော့်ကို ပြောတဲ့သူတွေကိုလည်း စိတ်ချမ်းသာအောင်ပြောပြတာပါ။ ကျွန်တော် တအားဝမ်းနည်းပါတယ်။ ဒါပေမဲ့ ရွှေထူးဘဝမှာ ခဏခဏလဲကျဖူး တယ်။ လဲကျတိုင်းသာ ပြန်မထနိုင်ဘူးဆိုရင် ရွှေထူးမဟုတ်တော့ဘူး။ အဲဒီတော့ ကျွန်တော်ဘယ်တော့မှ လဲကျမှာမဟုတ်ဘူး။ ကျွန်တော့်အနုပညာက ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး။ ကျွန်တော်သီချင်းတွေ ဆက်လုပ်ဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here