ဒုတိယမြောက် တစ်ကိုယ်တော်အခွေထွက်ရှိတော့မယ့်စောလားထော်ဝါး

0
135

Myanmar Idol Season2 ရဲ့ Winnerဆုရှင်တစ်ဦးဖြစ်တဲ့ စောလားထော်ဝါးရဲ့ ၂၇နှစ်ပြည့် မွေးနေ့အလှူကို စက်တင်ဘာလ ၁၆ရက်နေ့က စမ်းချောင်းမြို့နယ်ရှိ မာမီကွတ်ခိုကိုးရာမဲ့ကိုယ်ဝန် ဆောင် များကူညီရေးမှာ ကျပ်၅သိန်း လှူဒါန်းခဲ့ပါတယ်။ ဒီအလှူကိုတော့ သူ့ရဲ့ We Loveတွေနဲ့အတူတူ ပြုလုပ်ခဲ့တာဖြစ်ပြီး မွေးနေ့ကိတ် ကိုလည်း ပရိသတ်တွေနဲ့ပဲခွဲခဲ့ကြပါ တယ်။ စောလားထော်ဝါး မွေးနေ့ ရက်ကတော့ စက်တင်ဘာ၁၁ရက်နေ့ ဖြစ်ပြီး မွေးနေ့ရက်မှာတော့ ဇာတိ မြို့ဖြစ်တဲ့မြောင်းမြမြို့မှာ အလှူပြု လုပ်ခဲ့ပါသေးတယ်။ မွေးနေ့မှာ ဒုတိယတစ် ကိုယ်တော်အခွေထွက်ဖို့စီစဉ်ခဲ့ပေမယ့် အခွေက မပြီး သေးတဲ့အတွက် အောက်တိုဘာလ ဒါမှမဟုတ်နိုဝင်ဘာလထဲမှာပဲ ထွက် ဖြစ်တော့ မယ်လို့သိရပါတယ်။

”ကျွန်တော်စီစဉ်ထားတဲ့အ တိုင်း ဖြစ်မလာဘူး။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ။ အခွေ တစ်ခွေထွက်ရှိဖို့လည်း မလွယ်ဘူး လေ။ သီချင်းကတော့ အခု၇ပုဒ် လောက်တော့ဆိုပြီးပြီ။ အမြန်ဆုံး ထွက်နိုင်အောင်လည်း ကြိုးစားနေပါ တယ်။ အခွေရဲ့ Title ကတော့ မစဉ်း စားရသေးဘူး။ ကျွန်တော့်ရဲ့မှတ် တိုင်တစ်ခုပေါ့လေ။ ကျွန်တော်က သီချင်းဆိုတယ်ဆိုပေမယ့်လည်းတစ် ကိုယ်တော်ခွေက တစ်ခွေပဲထုတ်ထား သေးတယ်။ နောက်ထပ် အခွေ တွေအများကြီးထုတ်နိုင်ဖို့လည်း ကျွန်တော် ကြိုးစားနေတယ်။ အနု ပညာကိုဝါသနာ ပါလို့သာ လုပ်ရတာပါ။ အခုကအခွေ ထုတ်ရင် လည်း ငွေရေးကြေးရေး ပိုင်းလည်း ကုန်တယ်။ အခုခေတ်က အွန်လိုင်း မှာပဲ ခေတ်စားတာဆိုတော့အခွေက သိပ်မထုတ်ဖြစ်ကြဘူး။ အ ခွေထုတ် တဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ကတော့ ဝါသနာပါ လို့ရယ် ကိုယ့်ရှေ့ကလူတွေကို အား ကျလို့ရယ်ပေါ့။ သူတို့ကိုမေးကြည့် လိုက်ရင်အခွေက တစ်ဆယ်ကျော် နှစ်ဆယ်ကျော် ထုတ်ထားကြတဲ့သူ တွေချည်းပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုးဖြစ်ချင်တယ်။ အဲဒါ ကြောင့်လည်းကိုယ်တတ် သလောက် မှတ်သလောက်နဲ့ အခွေ ကိုကြိုးစား ပြီးတော့ထုတ်နေပါတယ်” လို့ ဒုတိ ယတစ်ကိုယ်တော်အခွေနဲ့ ပတ်သက် ပြီးတော့ စောလားထော်ဝါးက ပြောပြပါတယ်။ စောလားထော်ဝါးရဲ့ ပထမ ဆုံးတစ်ကိုယ်တော်အခွေကို တော့ Myanmar Idol က ထုတ် လုပ်ပေး ခြင်းဖြစ်ပေမယ့် အခုဒုတိယ အခွေ ကတော့ သူကိုယ်တိုင် ထုတ် လုပ်ရခြင်းဖြစ်ပါတယ်။ အဲဒီအတွက် လည်း ဒုတိယမြောက်အခွေက သူ့ကို ရင်ခုန်မှုတွေပေးစွမ်းနေပြီး ပင်လည်း ပင်ပန်းတယ်လို့သူကပြော ပါတယ်။

”ကျွန်တော့် Fan တွေကလည်းး သီချင်းတွေ ဝယ်ပြီးလက်ဆောင်ပေးတာတွေလည်းရှိတယ်။ ကိုယ်ကိုယ် တိုင်လည်း ဝယ်ထားတာတွေရှိတယ်။ပြီးတော့ Music ပိုင်းကို ဆရာတွေနဲ့ တိုင်ပင်ပြီးလုပ်ပါတယ်။ အခွေ ထွက်ရင်လည်းအားပေးကြပါဦး။ ကြိုးစားပြီးတော့လည်း လုပ်နေပါ တယ်” လို့ စောလားထော်ဝါးက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here