နယ်မှာသွားရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားအတွက် စိတ်လှုပ်ရှားနေတဲ့ ဆုမြတ်နိုးဦး

0
220

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးကတော့ လက်ရှိမှာ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်မယ့် ‘တစ်ခါ ကဆတ်သေချောင်း’ရုပ်ရှင်ဇာတ်ကားမှာ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ သင် ဇာဝင့်ကျော် စတဲ့သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားအတွက် သူ့ရဲ့ပြင်ဆင်မှုတွေကို သရုပ်ဆောင် ဆုမြတ်နိုးဦးက အခုလိုပြောပြခဲ့ပါတယ်။

”ဒီဇာတ်ကားကို ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းလာတာနဲ့ မြတ်နိုးကိုယ်တိုင် သဘောကျလို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကားထဲမှာ မြတ် နိုးရဲ့ ကာရိုက်တာကမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူပေါ့။ ညီအစ်ကိုသုံးယောက်ထဲက အငယ်ဆုံးတစ်ယောက်နဲ့ တွဲရမှာ ပါ။ ပြင်ဆင်မှုတွေကတော့ အစစအရာရာ အကောင်းဆုံးဖြစ် အောင်ပြင်ဆင်ထားပါတယ်။ ကိုယ့်ဆီရောက်လာတဲ့ ဇာတ် ညွန်းပေါ်မူတည်ပြီး ကိုယ်လုပ်ရမယ့် ကာရိုက်တာကို အကောင်း ဆုံးဖြစ်အောင် လုပ်သွားမှာပါ။ နယ်မှာတောတောင်တွေမှာ သွားရောက်ရမယ်ဆိုတော့ ဆေးတွေဘာတွေဆောင်သွားရ မှာပေါ့။ မြတ်နိုးက အဲဒီလိုမျိုးနယ်တွေဘာတွေ သွားရတာ စိတ်ဝင်စားတယ်။ ကိုယ်မရောက်ဖူးသေးတဲ့နေရာလည်းဖြစ်နေတော့နည်းနည်းတော့စိတ်လှုပ်ရှားပါတယ်”လို့ ပြောပါတယ်။

ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆု မြတ်နိုးဦးတို့ အနုပညာမောင်နှမ သုံးယောက်ရဲ့ခင်မင်မှုကတော့ ပရိသတ်တွေသိကြတဲ့အတိုင်းပါပဲ။ မောင်နှ မရင်းချာတွေလိုဖြစ်နေတဲ့ သူတို့သုံးယောက်ရဲ့ဆက်ဆံရေးအကြောင်းကို လည်း ဆုမြတ်နိုးဦးက…

”တအားကောင်းပါတယ်။ မြတ်နိုးကလည်း အိမ်မှာအကြီးဆိုတော့ အစ်ကိုတအားလိုချင်တာ။ ကိုကျော်(ကျော်ကျော်)ကလည်း အိမ်မှာအကြီးဆို ပေမယ့် သူ့ဘာသာသူကလေးလိုပဲနေတာ။ ဒါပေမဲ့ ကိုယ်က အငယ်ဆိုတော့ အလျှော့ပေးပါတယ်။ ကိုညီ(ညီထွဋ်ခေါင်)ကလည်း အိမ်မှာအကြီးဆိုတော့ အကြီးလိုပဲနေတယ်။ ကိုညီကတော့ အလျှော့ပေးတယ်။ ကိုကျော်ကတော့ ထုံးစံအတိုင်းရန်စနေတာပဲ။ သူတို့က ကိုယ့်အပေါ်တအားသဘောကောင်း ပါတယ်။ မြတ်နိုးတစ်ခုခုပူဆာလိုက်ပြီဆိုရင်ရအောင် လုပ်ပေးကြတယ်။ သူတို့ တတ်နိုင်သမျှအကုန်လုပ်ပေးပါတယ်။ တစ်ခုခုဆိုရင်လည်းတစ်ယောက်နဲ့ တစ် ယောက်ကသိပ်ပြီး ညှိနေစရာမလိုဘူး။ တစ်ယောက်က ဒါလုပ်မယ်ဆိုရင် ကျန်တဲ့နှစ်ယောက် ကလည်း လုပ်မယ်ဆိုတာပဲ။ ဗီဒီယိုဖိုင်လေးတွေရိုက်ကူးမယ်ဆိုရင်လည်း ဘယ်သူမှရှက်စရာ လို့မပြောဘူးရိုက်ကြတာပါပဲ”လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here