စိုးမြတ်နန္ဒာ တရား စွဲဆိုထားသော အသရေ ဖျက်မှုအား အောက်တိုဘာ ၂ရက်နေ့တွင် စတင် စစ်ဆေးမည်

0
218

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဦးကျော်ကျော်ထွန်းအား အသရေ ဖျက်မှု ရာဇဝတ်ဆိုင်ရာ ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့ရာ ဒီအမှုကို တ ရားရုံးမှ အောက်တိုဘာလ ၂ရက် နေ့မှာ စတင်စစ်ဆေးသွားမယ် လို့ သိရပါတယ်။ တရားစွဲဆိုခံရသူ ဦးကျော်ကျော်ထွန်းမှ စက်တင်ဘာ လ ၂၁ရက်နေ့ ရုံးချိန်းတွင် အာမခံ လာရောက်လျှောက်ထားခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်း မင်းသန့်က…

”ပြီးခဲ့တဲ့ ရုံးချိန်းမှာတုန်းက ဦးကျော်ကျော်ထွန်းက ခွင့်တိုင် တယ်။ ပြည်ပကိုရောက်နေတယ် ဆိုပြီး ခွင့်တိုင်ပါတယ်။ အခုတော့ ရုံးချိန်းကို ရောက်ရှိလာပါတယ်။ သူ့ရဲ့ရှေ့နေနဲ့ ကိုယ်စားလှယ်လာ တင်တယ်။ တရားရုံးမှာ အာမခံ လုပ်တယ်။ လာမယ့် ရုံးချိန်းမှာ ဒီအမှုကို စတင်စစ်ဆေးမယ်” လို့ ပြောပါတယ်။

Striking Thunder Entertainment မှ ဦးကျော်ကျော်ထွန်းက စိုးသူ၊ စိုးမြတ်နန္ဒာနှင့် အများသိစေရန်ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး စိုးမြတ်နန္ဒာရဲ့ ဂုဏ်သိက္ခာကျ ဆင်း စေရန် ရည်ရွယ် ချက်ရှိရှိ ဆောင်ရွက်ခဲ့တဲ့အတွက် စိုးမြတ်နန္ဒာက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ တာဖြစ်ပြီး နစ်နာကြေးအနေနဲ့ လျော်ကြေးငွေ ကျပ်သိန်းတစ်သောင်းခွဲကို ပေးဆပ်ရန်တောင်းဆိုခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here