မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းမှာ ဝင်ကစားချင်တယ် ဆိုတဲ့ ဖြူဖြူထွေး

0
331

လူရွှင်တော်အသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပတဲ့ သက်ကြီးလူရွှင်တော် များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေဘောလုံးပွဲအတွက် ဘေဘီစတား အသင်းနဲ့ လူရွှင်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘေဘီစတား အသင်းမှာ ဖြူဖြူထွေး ပါဝင်ခဲ့ပါတယ်။ ရန်ပုံငွေဘောလုံးပွဲအတွက် လေ့ ကျင့်ရင်း ဘောလုံးပိုးဝင်သွားပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းမှာပါ ပါဝင်ကစားချင်တယ်ဆိုတဲ့အ ကြောင်းကို ဖြူဖြူထွေးက အခုလို ပြောပါတယ်။

”မြန်မာ့လက်ရွေးစင် အမျိုး သမီးဘောလုံးအသင်းဆို သဘောကျတယ်၊ အားပေးတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှာကို ဝင်ကန် ချင်တာ။ အခုက ဘောလုံးပိုးဝင်သွားပြီ မရတော့ဘူး။ Training တွေရှိရင် လည်း မနက် ၆ နာရီခွဲလောက်ကတည်းက လာလေ့ကျင့်တာ။ မြန်မာ့ လက် ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှာ ဝင်ကစားချင်တယ်”လို့ ပြောပါတယ်။ ဖြူဖြူထွေးပါဝင်တဲ့ ဘေဘီစတားအသင်းကို ဘောလုံးအားကစားနဲ့ ပတ် သက်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးတိုက် စစ်မှူးဟောင်း ဇင်မာဝမ်းက လေ့ကျင့် သင်ကြားပေးခဲ့တာပါ။ နည်းပြဖြစ်သူ ဇင်မာဝမ်းနဲ့ပတ်သက်ပြီး တော့လည်း ဖြူဖြူထွေးက …

”ဆရာက သေချာလေး သင် ပေးတယ်။ ဘောလုံးကို ဘယ်လိုတွေ ကန်ရလဲဆိုတာကအစ ဆရာက အကုန်သင်ပေးတယ်။ လက်ရွေးစင် အသင်းမှာ ဝင်ကန်ချင်တာ ဆရာက လိုသေးတယ်တဲ့။ ဆရာက ဘောလုံးအင်္ကျီ လှလှလေးတွေ၊ ဖိနပ်လှလှ လေးတွေ လက်ဆောင် ပေးလို့ ဆရာ့ကို ကျေး ဇူးတင်တယ်။ ဆရာ့ကို အရင်ကတည်းကသိ တာ။ လက်ရွေးစင် ဘဝ ကတည်းက ဆုဖလားတွေ မြောက်မြားစွာရရှိခဲ့တဲ့ ဆရာကြီးပေါ့နော်။ ဘော လုံးနဲ့ပတ်သက်ပြီးတော့ လည်း အစစအရာရာ သင်ပေးတဲ့အတွက် တအားလည်း ချစ်ပါ တယ်”လို့ ပြောပြ ခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here