ဖြတ်စားလျှက်စား

0
312

လောင်ဒဏ်ရာအကွက်များဖြင့် ဇင်လတ်ခန္ဓာကိုယ်တစ်ခုလုံး ပေါ်တွင် အညိုအမည်းစွဲနေ၏။ ယင်း အညိုအမည်းအကွက်များက လော ကဓံ၌ မတရားသောကံကြမ္မာကို ဆင်နွှဲ၍ ရလာသည့် ဒဏ်ရာဒဏ် ချက်များဟု ပြောလျှင်လည်း မှားမည် မထင်။ ကျရာဘဝ၌ ကြုံရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ တစ် ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရ ၏။ တစ်ခါတစ်ရံဘုရင့် နောင်ပွဲရုံ တန်းများတွင် သူ့မိတ်ဆွေများနှင့် ‘ဘောက်’ လိုက်လုပ်ရသည်။ ဘောက် ဆိုသည့်အလုပ်က အတည်တကျမရှိ သည့်အလုပ်။ ဆိုင်ခံများတွင် အလုပ် မရ၍ ကြုံသလို ရှာဖွေလုပ်ရသော အလုပ်ကို ဆိုလိုခြင်းဖြစ်သည်။ တစ်ခါတလေ ပန်းရံလူကြမ်း၊ တစ်ခါ တလေသံ ချည်သံကွေးနှင့် လက် သမားအကြမ်း တစ်ယောက်အဖြစ် လုပ်ရသည်။

ယင်းသို့လုပ်သော်လည်း နေ့ဖို့ ညစာက နပ်မမှန်။ ဇင်လတ်ဇနီး မိသော်တစ်ယောက်လည်း တခြား တစ်ပါးရပ်ကွက်အတွင်းလှည့်၍ အဝတ်လျှော်၊ မီးပူတိုက်အလုပ်ကို အိမ်ပေါက်စေ့လုပ်ရ၏။ သို့သော် လည်း လူမမည်သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် မြင့်မားတိုး တက်လာသည့် တိုင်းပြည်၏ ကုန် ဈေးနှုန်းက ဇင်လတ်မိသားစုကို အလွတ်မပေး။ အချိန်တိုင်း ချောင်း မြောင်းတိုက်ခိုက်ခံနေရသည့် သဘောရှိသည်။ ထို့ကြောင့် နေထိုင် ရသည့် တဲစုတ်ကလေးမှာလည်း ဟောင်းနွမ်းဆွေးမြည့်နေသည့် ကြမ်း ခင်းအကျိုးအပဲ့နှင့် ဓနိမိုးကလည်း ရိ နွမ်းနေသည်။ ကာရံထားသည့် ထရံ နေရာ၌ ဇင်လတ်တွေ့ကရာနေရာမှ ဖြုတ်ယူလာလေ့ရှိသည့် ဗီနိုင်းစများ ဖြင့် ကာရံထားရသည်။

ဇင်လတ်မိသားစုနေသည့် ဤ နေရာ ဤအရပ်၌ နေထိုင်ကြသော လူတချို့သည် တစ်ခါတစ်ရံလုယက် မှုဖြင့် အသက်မွေးဝမ်းကျောင်းပြု သည်။ တစ်ခါတစ်ရံ ဆိုင်ကယ်၊ စက် ဘီးများကို အလစ်သုတ်၏။ တစ်ခါ တလေ ခါးပိုက်နှိုက်၍ စီးပွားရှာ၏။ တချို့ဆိုလျှင် သူတစ်ပါးအိမ် ဖောက် ထွင်းရသည်ကို ခံတွင်းတွေ့နေ၍ ထို အလုပ်ကို ထီပေါက်သည်ဟု ထင် မှတ်နေသည်။ တစ်ခါက ပြည့်တန် ဆာလုပ်ငန်းတွင် ရင်းနှီးကျွမ်းဝင် နေသည့် အသိများက ဇင်လတ်ဇနီး အား အလုပ်အပ်၏။ ဇင်လတ်နှင့် ယင်း၏ဇနီးက လက်မခံ။ တုတ်ဆွဲ ဓားဆွဲဖြင့် ပြဿနာ တက်ကြသည်။ နောက်တော့လည်း စားဝတ်နေရေး အကြောင်းပြချက်ဖြင့် တစ်နွယ်ငင် တစ်စင်ပါဆိုသည့် စကားအတိုင်း ဖြစ်လာသည်။ သည်နွယ်ပင် တက် စရာမရှိ၊ နီးစပ်ရာလမ်းအတိုင်းတက် သွားတတ်၏။ အကျိုးအမြတ် လွယ် လွယ်ရသောအခါ ဇင်လတ်တစ် ယောက် ရေငုံနှုတ်ပိတ်၍ တိတ်ဆိတ် စွာနေရသည်။ မိသော်ကလည်း ဇင်လတ်ကို တစ်ချက်ခုတ်၊ နှစ်ချက် ပြတ် စာရင်းသွင်းထားလိုက်သည်။

တစ်နေ့ထက်တစ်နေ့ မိသော် တစ်ယောက်လည်း ဇင်လတ်အပေါ် သြဇာတိက္ကမ ကြီးထွားလာသည်။ မိသော် နဂိုအသားအရေထက်လည်း ပို၍ စိုပြည်လာ၏။ ပြင်ဆင်တတ်မှု ကြောင့် ချောမောလှပလာသည်။ ထို အရာက ဇင်လတ်နှင့်မိသော်ကို စီးပွားဈေးကွက်တစ်ခု ကောက်ရ လိုက်သလို ဖြစ်စေ၏။ ဇင်လတ်မှာ လည်း ယခင်လို နေလောင်ဒဏ်ရာ များနှင့် မွဲခြောက်မနေတော့။ စိုစို ပြည်ပြည်ဖြစ်လာပြီး လူရာဝင်လာ သည့် သဘောဆောင်လာသည်။ မိ သော်ကြောင့် ဇင်လတ်တစ်ယောက် ထိုအရပ်၊ ထိုဒေသ၌ တဖြည်းဖြည်း ထင်ရှားလာသည်။ ယခင်က တဲ ကလေးမှာလည်း ဆွေးမြည့်နေသည့် ကြမ်းခင်း၊ ရိနွမ်းနေသည့် ဓနိမိုး၊ ကာရံထားသည့် ဗီနိုင်းစများနေရာ၌ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာနိုင်သည့် အပြင် အရာရာမနိမ့်ကျသော အဆင့် ကလေးတစ်ဆင့်သို့ရောက်လာသည်။

ပတ်ဝန်းကျင်မှ မေးငေါ့သော် လည်း ဇင်လတ်နှင့်မိသော်မှာ ဂရု စိုက်ရကောင်းမှန်း မသိတော့။ ဆင်း ရဲခြင်းဆီသို့ နောက်ကြောင်း ပြန် မလှည့်လို၍ သူတို့လင်မယားနှစ်ဦး တွင် ဝါဒတစ်ခု ထားရှိ၏။ ထိုဝါဒက ”သူတစ်ပါးမမှားတဲ့ အမှားနဲ့ ဘဝကို တည်ဆောက်ရမယ်”ဆိုသည့် ဝါဒ ဖြစ်သည်။ အတွေ့အကြုံများလာ သည်နှင့်အမျှ မိသော်က သူ့လုပ်ငန်း ၌အကြီးအကဲဖြစ်လာပြီး ဇင်လတ်က အရှိန်အဝါရှိမည့်သူများကို ဘီယာ ဝိုင်းများဖြင့် တည်ခင်း ဧည့်ခံကျွေး မွေး၍ မိသော်လုပ်ငန်းတွင် အနှောင့် အယှက်မဖြစ်စေရန် နည်းလမ်းပေါင်း များစွာကို အသုံးပြုလာတတ်သည်။

ယခင်က မျက်နှာမွဲ ဇင်လတ် တစ်ယောက်ကို မည်သူမှ အရေး မလုပ် ဂရုမစိုက်ခဲ့သော်လည်း ယခု အခါမှာတော့ ဇင်လတ်ဆို ခေါင်း မဖော်ဝံ့သည့် အနေအထားသို့ရောက် ခဲ့၏။ ဇင်လတ်ကလည်း ရသည့် အပိုင်အခွင့်အရေးကို ဘယ်သော အခါမှ အဆုံးရှုံးမခံ။ သူကြည့်မရ သည့်လူဆိုလျှင် အနည်းဆုံး ရမန်ကြီး တစ်ပတ်စာလောက်တော့ အိမ်မှ ပျောက် သွားလေ့ရှိတတ်သည်။ ထို အရာကို ဇင်လတ်က သင်ခန်းစာ ပေးနည်းဟု ယူဆ၍ သူတစ်ပါးကို မကြာခဏ ဒုက္ခပေးလေ့ရှိ၏။ ထို့ ကြောင့် ဇင်လတ်ဆို အားလုံးက ကြောက်သလို၊ မိသော်ဆိုလည်း သူမ လုပ်ငန်းမှ သူငယ်မများကို ဟိန်း ဟောက်ခြိမ်းခြောက်၍ ရုန်းထွက်မရ အောင် ဖြားယောင်းထား၏။

ထို့ကြောင့် မိသော်ကိုကြောက် ၍ တချို့ဆိုလျှင် တစ်နေ့ခင်းလုံး ပင်ပန်းနေသည့်တိုင်အောင် ညဆိုင်း ပါ ဝင်ရသည်။ သူငယ်မများ၏ ရပိုင် ခွင့်များကိုတော့ နည်းအမျိုးမျိုးဖြင့် မိသော်တစ်ယောက် ဖြတ်တောက် ၍ သိမ်းပိုက်ပြန်၏။ ဇင်လတ်ကလည်း ယင်း၏ဇနီး လုပ်ပုံကိုင်ပုံမှန်သည်ဟု ထင်မိသည်က တစ်ကြောင်း၊ မိသော် ၏ အရိပ်အောက်တွင် ခိုလှုံ၍ စိုပြည် နေသည့်ဘဝကြောင့်ဟု ဆိုလျှင် လည်း မမှားနိုင်သည်က တစ်ကြောင်း ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရပ်များဖြင့် အသက်မွေးဝမ်းကျောင်းမှု တစ်ခုကို ဖန်တီးတည်ဆောက်မိသော ဇင် လတ်နှင့်မိသော်မှာ ကလေးချင်းယှဉ် လျှင်ပင် ကိုယ့်ကလေးမှားနေသည့် တိုင် အမှန်ဟု ယူဆ၍ သူတစ်ပါးသား သမီးကို အပြစ်ပေးတတ်သည်။

တစ်နေ့ ယင်းတို့၏ကလေးနှင့် ဆော့ကစားရင်း ကလေးငယ်တစ် ယောက်က ဇင်လတ်သားအား ဒဏ် ရာရသွားစေသည်။ ဇင်လတ်က ထို ကလေးအား ပြစ်ဒဏ်ပေး၏။ အရေ ပြား ကျွတ်ကျလုမတတ် ပူနေသည့် နေရောင်အောက်တွင် ကလေးကို ကြိုးဖြင့်တုပ်၍ နေလှန်းပြီး ဆုပေး ဒဏ်ပေးလုပ်လေသည်။ ကလေးမိဘ များနှင့် ပတ်ဝန်းကျင်မှ မခံနိုင်၍ တိုင်တန်းသောအခါ အရာမရောက်။ ဇင်လတ်နှင့် မိသော်တို့၏ အရိပ် လွှမ်းမိုးမှုက ဘယ်လောက်ကြီးမား သလဲဆိုသည်ကို ပြသွားသည်။ ထို လူများက ခင်ဗျားတို့ ကလေးလုပ်လို့ တစ်ဖက်သားကလေး ထိခိုက်နစ်နာ သွားတာကို မမြင်ဘူးလားဆိုသည့် တုံ့ပြန်မှုဖြင့် အဆုံးသတ်လိုက်သည်။ ထို့နောက် ဇင်လတ်တစ်ယောက် ရ သမျှအခွင့်အရေး၌ အရှိန်အဝါ ပိုမို ကြီးထွားစေရန် အဆင့်တစ်ဆင့်သို့ တက်လာသည်။

မိသော်ဆီ အဝင်အထွက်လုပ် နေသည့် လူသုံးဦးက ဇင်လတ်ကို မြိုး မြိုးမြက်မြက်ရမည့် အလုပ်တစ်ခုအပ် ၏။ ထိုအလုပ်ကို ဇင်လတ် မကျွမ်း ကျင်သော်လည်း ရမည့် အသပြာက သူ့ဘဝတွင် မမြင်ဖူး၊ မတွေ့ဖူးသော ပမာဏဖြစ်နေသည်။ ဇင်လတ်၊ မိ သော်နှင့်တိုင်ပင်၏။ မိသော် တစ် ယောက် အံ့သြလွန်း၍ ထခုန်မိမ တတ်ဖြစ်သွားသည်။ အလုပ်ကို လက်ခံဖို့ မိသော်က ဇင်လတ်ကို တိုက်တွန်း၏။ သို့သော်လည်း ဇင် လတ်တစ်ယောက် လူသူစုဆောင်း ပေးဖို့ကျတော့ အခက်တွေ့နေသည်။ သူတို့ကို ပတ်ဝန်းကျင်က မျက်မုန်း ကျိုးနေ သည်ကတစ်ကြောင်း၊ သူတို့ စီးပွားဖြစ်သမျှ သူတစ်ပါးဘဝ ပျက် ရခြင်း ကတစ်ကြောင်းကြောင့် ဇင် လတ် စိုးရိမ်နေခြင်းဖြစ်သည်။

မိသော်က ထိုသို့မမြင်။ ”လူဟာ ပိုက်ဆံသာပြလိုက်၊ အမြီးနှန့်တာကမှ နောက်ကျဦးမယ်”ဟူသော အမြင်ရှိ သည်။ ထို့ကြောင့် ဇင်လတ်တစ် ယောက် မိသော်အမိန့်နှင့် မိသော် အာဏာကို မဖီဆန်နိုင် ဖြစ်သွား သည်။ သူ့အရပ် သူ့ဇာတ်၌ ငွေပြ တော့လည်း အလွယ်တကူပင် စည်းရုံး နိုင်ခဲ့သည်။ လူအယောက် ၅ဝ အား တစ်ယောက်တစ်သောင်းခွဲပေး ၍ ခေါင်းဆောင်လုပ်မည့် လူ လေး ငါးယောက်အား နှစ်သောင်းစီပေး ၍ ဦးဆောင်ခိုင်း၏။ ဇင်လတ် ကတော့ နေမကောင်းခြင်းကို အကြောင်းပြ၍ မိသော်အမိန့်အရ ခေါင်းရှောင်ဖို့ ကြိုးစားနေသည်။

ဇင်လတ် လိုက်ပါခြင်းမရှိသော ကြောင့် အလုပ်အပ်သည့်လူများက မကျေမနပ်ဖြစ်သွား၏။ အတင်းခေါ် သော်လည်း ဇင်လတ်က ပါးနပ်စွာ ရှောင်နေ၏။ ထိုအချိန် လိုက်ထရပ် ကား ငါးစီးရောက်လာပြီး ဇင်လတ် စုဆောင်းပေးထားသည့် လူများကို အလုပ်အပ်သည့် လူများကကားပေါ် တက်ခိုင်းသည်။ လိုက်မည့်လူများက လည်း ပိုက်ဆံရထားသောကြောင့် ဘုမသိ၊ ဘမသိ ကားပေါ်တက်လိုက် သွားရသည်။ ထို့နောက် ဇင်လတ်ရပ် နေသည့်နေရာမှ ကားများက စတင် ထွက်ခွာသွားကြသည်။ ဇင်လတ်က လိုက်ပါသွားသည့် လူများကို ငေး ကျန်နေခဲ့သည်။ မိသော် တစ်ယောက် ဇင်လတ်အနား ရောက်လာပြီး ”ရှင် ခေါင်းရှောင်လိုက်တာပဲကောင်း တယ်။ အန္တရာယ်တွေဘာတွေဖြစ် နေရင် ဒုက္ခ။ ကျွန်မမှာ ကိုယ်ဝန်ရှိ နေပြီ”ဆိုသည့်စကားကြောင့် ငေးနေ သည့် ဇင်လတ်တစ်ယောက် ထခုန်လု မတတ်ဖြစ်သွားသည်။

သူနှင့်ရသည့် ကိုယ်ဝန်မဟုတ် သော်လည်း နာမည်ပေါက်က ဇင် လတ်အမည်ဖြစ်၏။ ယင်းကိုယ်တိုင် ဆင်းရဲခြင်း၏ဒုက္ခကို မခံစားလို၍ မိသော်နှင့်တိုင်ပင်ပြီး စီးပွားရေး လမ်းကြောင်း ပြောင်းခဲ့ခြင်းဖြစ်သည်။ ယခု ထိုစီးပွားရေးလမ်းကြောင်းပေါ် တွင် သူ့အမည်နာမဖြင့် ကလေးတစ် ယောက် ရောက်လာတော့မည်။ ဇင် လတ်ဘာမှ မပြောနိုင်တော့သည့် အဆုံး အိမ်ပေါ်တက်သွားသည်။ ဘဝ၌ ဆင်းရဲရပါများသောအခါ ထို ဆင်းရဲမှုဝေဒနာအား လူသည် တွန်း လှန် ဖယ်ရှားချင်၏။ ရိုးသားမှုကို အပုပ်နံ့စွဲနေသည့် အသားတစ် တစ်ခုလို သဘောထား၍ စွန့်ပစ်လေ သည်။ တွန်းလှန်ဖယ်ရှားခြင်းနှင့် စွန့် လွှတ်ခြင်း၌ အနည်းငယ် အောင်မြင် သွားသည့်အခါ ဘဝကို မေ့လျော့ခြင်း ဖြင့် အဆုံးသတ်ထားတတ်လေသည်။

ယခုလည်း ဇင်လတ်နှင့်မိသော် ၏ ဘဝမေ့နေပုံမှာ ကမ်းမမြင်၊ လမ်း မမြင် ဖြစ်လို့နေ၏။ ဆင်းရဲလွန်း၍ အတိတ်ကို ပြန်မသွားချင်သော်လည်း ပစ္စုပ္ပန်၌ ကိုယ်ချင်းစာတရား အား နည်းခဲ့သည်။ မည်သည့်နေရာမှ ငွေ ရနိုင်မည်နည်း။ ရနိုင်သည့် နည်း လမ်းဖြင့် တရားခြင်း၊ မတရားခြင်း ကို ဥပေက္ခာပြု၍ ရှာဖွေ၏။ ကိုယ့် အတွက် မြိုးမြိုးမြက်မြက် အကျိုး အမြတ်ရှိမည့် အလုပ်များကို ကောင်း ခြင်း၊ မကောင်းခြင်း မခွဲခြားသည့် အပြင်လောကဓံ၏ချည်တိုင်မှ အလွတ် ရုန်းလို၍ အမှန်နှင့်အမှားလည်း ခွဲ ခြားမသိနိုင်ဖြစ်သွားသည်။ ထို့ကြောင့် မိသော်က သူမလုပ်ငန်းမှ ပွဲစားခမရ သည့်အပြင် သူငယ်မများဆီက ဖြတ် စားလျှပ်စား ထပ်လုပ်၍ ခေါင်းပုံဖြတ် ၏။ ဇင်လတ်ကလည်း သူထည့်ပေး လိုက်သည့်လူများဆီက ဖြတ်စားလျှပ် စား များစွာလုပ်ထားလိုက်သည်။

တကယ်တော့ နိုင်ငံရေးပြဿနာ တစ်ခုတွင် အသုံးချရန် ထိုသူများကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တိုင်း ပြည်၏ ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် ပြည်သူအချင်းချင်း စတေးခိုင်းသည့် နိုင်ငံမျိုးတွင် ငွေကြေးနှင့် ဆင်းရဲခြင်း သည်က အသုံးချ၍ အကောင်းဆုံးလက် နက်တစ်ခုဖြစ်သည်ကို ဇင်လတ်နှင့် မိသော်မသိ။ သည်နိုင်ငံ၊ သည်တိုင်း ပြည်၌ အာဏာနှင့်ပတ်သက်လျှင် သူ တို့မရိုးသားခြင်းထက် သူတို့ထက် မရိုး သားသည့် လူတန်းစားများအကြောင်း ကို မလေ့လာထား။ တိုင်းပြည်အတွင်း ဖြစ်လာသမျှ ပြဿနာတိုင်းကို အခ ကြေးငွေပေး၍ ဆောင်ရွက်ခိုင်းသူ နှင့် အခကြေးငွေယူ၍ ဆောင်ရွက် ပေးသူ ရှိနေသမျှသည် တိုင်းပြည်၊ သည်နိုင်ငံ မတိုးတက်နိုင်ဘူးဆိုသည့် အတွေးအခေါ်လည်း ဇင်လတ်နှင့် မိသော်တွင်မရှိ။ ဘယ်သူသေသေ ငတေမာချင်စိတ်ဖြင့် အာဏာလုနေ သည့် တိုင်းပြည်တွင် ဇင်လတ်နှင့်မိ သော် အလိုရမ္မက် မကြီးသော်လည်း သူတို့ကို အသုံးချမည့် လူတချို့ အလို ရမ္မက်ကအစွန်း ထွက်နေသည်ကို သူတို့မတွေ့ခဲ့။

ရိုးရိုးသားသား ဆင်းရဲသည့် အပေါ်၌ မမွေ့လျော်နိုင်၍ ချမ်းသာ သည့်နောက် လိုက်မိသော်လည်း ထို ချမ်းသာမှုက မရိုးသားသည့်အခါ ဘဝက အရောင်မလှဖြစ်တတ်သည်။ ထိုအကြောင်းအရာကို အတ္တနှင့် အလိုရမ္မက် ပေါင်းစပ်ထားသော ကြောင့် ဇင်လတ်နှင့်မိသော် မမြင် နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ တစ် နည်းပြောရလျှင် လောဘ၌ ထောင် ချောက်ရှိမှန်း ဇင်လတ်နှင့် မိသော် အမှန်တကယ် မသိခဲ့လေသလား။ ဟိုချိန်ကတည်းက အမြီးကျက် အမြီး စား၊ ခေါင်းကျက် ခေါင်းစား လူတန်း စားများက နေရာအတော်များများ၌ လွှမ်းမိုးထားသည်ကို ဇင်လတ်မရိပ် မိ။ မိသော်ကလည်း နားလည်အောင် သင်ကြားမထား။ ဆိုးရွားသည့်အချက် က တိုင်းပြည်၌ အဂတိတရားဖြင့် မွေ့လျော်ချင်မွေ့လျော်၊ နိုင်ငံရေး မလုပ်ရဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်ကို လမ်းမှားပေါ် ပို့ဆောင် ထားမှန်း ဇင်လတ်တို့လို လူတန်းစား များ မသိနိုင်ခြင်းဖြစ်သည်။

ဆင်းရဲခြင်းဝေဒနာကို အလို ရမ္မက်ဖြင့် ကုစားသော်လည်း အနာ နှင့်ဆေး တည့်လွန်း၍ စီးပွားဖြစ်လာ ရခြင်းမဟုတ်။ ကိုယ်ရသင့်ရထိုက် သည့် တန်ဖိုးထက် လွန်ကဲသော အလိုရမ္မက်ကြောင့် ဖြစ်လာရသည့် စီးပွားဟု ပြောလျှင် မှားမည်မထင်။ ထို့ကြောင့် လူတချို့၏ စိတ်ဆင်းရဲမှု ဖြင့် ပြည့်စုံလာသည့် သူတို့စီးပွား ဥစ္စာက ရနံ့မကောင်း။ ထိုအရာကို အရသာခံ၍ ဇင်လတ် ပျော်ရွှင်နေ ပါသော်လည်း သတင်းတစ်ခုရောက် လာသည်။ ဇင်လတ်က သူထည့်ပေး လိုက်သည့် လူအယောက် ၅ဝ ကျော် သတင်းဟု ထင်ထား၏။ သို့သော် သူထင်ထားသည့်အတိုင်းမဟုတ်။ သူ့ မိန်းမ မိသော်သတင်းဖြစ်နေသည်။

ဇင်လတ် ကမန်းကတန်းထ၍ သေတ္တာတွေ၊ ဗီရိုတွေကို မွှေနှောက် ရှာဖွေ၏။ ဘာတစ်ခုမှမတွေ့။ ဘာ တစ်ခုမှ ကျန်မနေခဲ့။ ဇင်လတ် လတ် တလော မြိုးမြိုးမြက်မြက်ရထားသည့် ပိုက်ဆံများပင် ပါသွား၏။ ဇင်လတ် တို့သားအဖသုံးယောက်ကို ထားခဲ့ လေပြီ။ ကိုယ်ဝန်ရှိနေသော မိသော် တစ်ယောက် ရှိသမျှပစ္စည်းများကို ယူ၍ သူ့ဆီအဝင်အထွက်လုပ်နေ သည့် ဖောက်သည်တစ်ယောက် နောက်သို့လိုက်သွားကြောင်း ဇင် လတ်သိလိုက်ရသည်။ တကယ်တော့ ဇင်လတ်နှင့် မိသော်သည် ကိုယ်ကျင့် တရားကို ဖောက်ထုတ်၍ ဆင်းရဲခြင်း ဝေဒနာကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ကိုယ့်အကုသိုလ် ကိုယ်ပြန်နမ်းမိသော ဘဝ၌ ညှီနံ့စွဲနေခြင်းကို ဇင်လတ် မမြင်။ မက်မောစိတ်ဖြင့် ချင်ခြင်းတပ် မိသော ရလဒ်က ဇင်လတ်ရင်ကို လောင်မြိုက်စေပြီ။ မနက်မှ လိုက်ရှာ မည်ဟု သတင်းပေးသူကို ပြော၍ ဇင်လတ် အိပ်ရာဝင်ခဲ့သည်။

သန်းခေါင်ယံကျော်ချိန်၌ ဇင် လတ်နာမည်ကို အော်ခေါ်၍ နှိုးနေ ကြသည်။ တံခါးခေါက်သံကြား၍ အိပ်မှုန်စုံမွှားဖြင့် ဇင်လတ်နိုး ထလာ ၏။ တံခါးဖွင့်လိုက်သည့်အခါ သက် ဆိုင်ရာ လူကြီးများနှင့် ယူနီဖောင်း ဝတ်ထားသူ သုံးယောက်လောက်ကို တွေ့ရသည်။ ဇင်လတ်တစ်ယောက် လာရင်းကိစ္စမေးမိတော့မှ ခေါင်းနား ပန်းကြီးသွား၏။

”မိသော် သေပြီ၊ မိသော် သေပြီ ဟုတ်လား” ဟု တအံ့တသြမေး၍ မိသော် အလောင်းတွေ့သည့်နေရာ သို့ လိုက်သွားခဲ့သည်။ တိတ်ဆိတ် မှောင်မည်းနေသည့် လမ်းကို ဇင်လတ်တို့ ဖြတ်သန်းလာခဲ့ကြသည်။ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မပေါ် ဘဲ သူတို့နေသည့် နေရာနှင့်သိပ် မဝေးသော ချောင်းတစ်ခု၌ ရေနစ် သေဆုံးနေခြင်းကို တွေ့ရသည်။ သို့သော်လည်း ဇင်လတ်မသိအောင် ယူဆောင်သွားသည့် ပိုက်ဆံများကို တော့ မတွေ့ရ။ တကယ်တော့ အလို ရမ္မက်၌ အကုသိုလ်ရှိကြောင်း မိသော်တစ်ယောက် သိမသွားရခြင်း ဟာ ဇင်လတ်၏ မှားယွင်းသော ဦး ဆောင်မှုကြောင့်ဟု ပတ်ဝန်းကျင်က ပြောနေဦးမည်လားဆိုတာကို စောင့် ကြည့်ရဦးတော့မည်။

နေဘုဏ်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here