ကြော်ငြာတွေမှာ မကြာခဏ ဆိုသလိုတွေ့မြင်နေရပြီး ချစ်စဖွယ် မျက်နှာကလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ညီမလေး သဉ္ဇာပဲဖြစ်ပါတယ်။သူကတော့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ International Relations ( IR)နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်သင်ကြားနေပြီးမေဂျာ Queenအဖြစ်လည်း ရွေးချယ်ခံထားရသူတစ်ဦးပါ။ အခုလတ်တလောမှာ ကျောင်း စာတစ်ဖက်အနုပညာအလုပ်တွေတစ်ဖက် လုပ်ဖြစ်နေရင်းနဲ့ကျောင်းစာဘက်မှာကိုယ်လိုချင်တဲ့ပန်းတိုင်တစ်ခုရောက်တဲ့အခါ အနုပညာဘက်ကိုပဲ ဦးစားပေးဖြစ်သွားမှာလို့လည်း ပြောပြခဲ့ပါတယ်။။ ပရိသတ်က သတိ ထားမိတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဆိုတော့ အရင်ကနဲ့ ဘယ် လို ကွာခြားသွားလဲဆိုတာကို သဉ္ဇာက..
”အခုအချိန်မှာတော့ အရင်ကလိုမျိုး မနေရတော့ဘူး။ အသွား အလာကအစသတိထားရတယ်။ကိုယ်တစ်ခုခုမှားယွင်းခဲ့ပြီဆိုရင်ဘေးနားကလူကကိုယ့်ကို သိတဲ့အခါ ကျတော့ Celebrity တစ်ယောက်ကဒီ လိုမျိုးပါ လားဆိုပြီး သူတို့အတွေးထဲ မှာမကောင်းတာတစ်ခုခုဝင်သွား မှာစိုးတယ်။ အဲဒီလိုမျိုးဖြစ်မှာကို လည်း သဉ္ဇာတအားကြောက်တယ်။သဉ္ဇာအစစအရာရာအကုန်လုံးဂရုစိုက်နေထိုင်တယ်” လို့လည်း ပြောပြပါ တယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ်နေတဲ့အစ်မဖြစ်သူဝါဆိုမိုးဦးရဲ့ အချစ်ရေးကိုအားကျမိ ပေမယ့်အခုအချိန်မှာတော့အနုပညာအလုပ်နဲ့ကျောင်းစာကိုသာ အာရုံစိုက်နေပြီးအချစ်ရေးကိုတော့မစဉ်း စားချင်သေးဘူးလို့ လည်းပြောပါတယ်။အစ်မဖြစ်သူဝါဆိုမိုးဦးကိုအားကျမိတဲ့အကြောင်းတွေကိုလည်းသဉ္ဇာက…
” အစ်မက တချို့အစ်မတွေနဲ့ မတူဘူး။သူက လူကြီးဆန်တယ်။ ငယ်ငယ်လေးကတည်းက သဉ္ဇာ့ကို မမွေး ခင်ကတည်းက သူ့ကို တစ်ယောက်တည်းထိန်းကျောင်းလာတာဆိုတော့ သူကလူကြီးဆန်နေတယ်။ ငယ်ငယ်လေး ကတည်းကသူက လူကြီးလိုနေတာဆိုတော့ တအားကြီး လည်းကလေးမဆန်ဘူး။ သူကရင်ထဲမှာ ဝှက်ထားတတ်တယ်။ ဖွင့် မပြောတတ်ဘူး။သူချစ်ကြောင်း လည်း မပြတတ်ဘူး။အစ်မက ကိုယ့် ကိုယ်ကိုယ် Controlလုပ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်Confidence ရှိ တယ်။ သဉ္ဇာ့ရဲ့အားနည်းချက်ကကိုယ့်ကိုယ်ကိုယ် Confidence သိပ်ပြီးမရှိသလို ခံစားရတယ်။အဲဒါ ကြောင့်အစ်မကိုသဘောကျတယ်။အစ်မကိုအကုန်လုံးနီးပါးအားကျပါ တယ်” လို့လည်း ပြောပြခဲ့ပါ သေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ – ဇော်ဝင်းအောင်