ဇာတ်ပို့ဇာတ်ရံတွေ အဆင်မပြေဘူးလို့ကြားသိရတဲ့အခါ စိတ်မကောင်းဘူးသရုပ်ဆောင် စိုင်းသီဟ

0
360

အက်ရှင်မင်းသားအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ စိုင်းသီဟက တော့ လတ်တလောမှာ တစ်ခါကဆတ်သေချောင်း ရုပ်ရှင်ဇာတ်ကားကို ရိုက် ကူးတော့မှာဖြစ်တယ်လို့သိရပါတယ်။ လတ်တလောမှာလည်း ဆရာဖြစ်သူ ကိုရဲ မင်းပိုင်က သူ့ရဲ့မိသားစုရှိရာပြည်ပကို ပြန်လည်ထွက်ခွာသွားတဲ့အတွက် စိတ်မ ကောင်းဖြစ်နေပုံကိုလည်း စိုင်းသီဟက….

”ကိုရဲ ပြန်သွားတဲ့ခံစားချက်ကတော့ ရင်ထဲမှာမကောင်းဘူး။ လက်ရှိဒီဗီဒီယိုဈေးကွက်ပျက်နေတဲ့ အတိုင်းအတာ နဲ့ဆိုတော့ သူလည်းအလုပ်လုပ်ရင်းနဲ့ စိတ်ပျက်သွားတယ်ထင်ပါတယ်။ အဲဒါကြောင့် ပြန်သွားတာထင်ပါတယ်။ ကိုရဲကို ပြန် လာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်သွားတဲ့ အလုပ်က အကောင်အထည်ဖော်ဖို့အတွက် လုပ်သွားတာ လေ။ ဒါက အကောင်အထည်မပေါ်သေးတဲ့အချိန်မှာ သူပြန်သွားတော့ မပြန်စေချင်ဘူး။ အဲဒါက Yes or No အဖြေတစ်ခုသိရတဲ့အချိန်ထိ သူ့ကို ရှိစေချင်တာ။ သူကစိတ်မရှည်ဘဲ ပြန်သွားတော့ လည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကိုရဲက တအားတော်တဲ့ အနုပညာသမားတစ်ယောက် ပါ”လို့ ပြောပါတယ်။ သရုပ်ဆောင်စိုင်းသီဟ ဟာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးမှုများတဲ့ အတွက် လက်ရှိဗီဒီယိုဈေးကွက်ပျက်သွားတဲ့ အပေါ်ဘယ်လိုမြင်မိလဲလို့မေးကြည့်တဲ့အခါမှာ တော့ စိုင်းသီဟက ”ဒီအနုပညာဈေးကွက်ကြီးက လောလောဆယ်ယိုင်နဲ့နေတာပဲ။ နောက် ဘာ ဖြစ်မလဲတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူး။ ဒီလို ပဲသွားနေရတာပဲ။ ကျွန်တော်ကတော့ အနုပညာနဲ့ပတ် သက်တဲ့အလုပ်တွေပဲ ဆက်လုပ်နေတာပါပဲ။ အရင်ထက်စာ ရင်တော့ နည်းနည်းတော့ပါးသွားတာပေါ့။ ကိုယ်နဲ့အတူတူ လုပ်လာတဲ့ ဇာတ်ပို့ဇာတ်ရံတွေအဆင်မပြေဘူးလို့ကြားသိရတဲ့ အခါမှာလည်း စိတ်မကောင်းဘူးပေါ့ဗျာ။ အားလုံးကို အောင်မြင် စေချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ဒါပေမဲ့လည်း ဈေးကွက်နဲ့ဘယ်လိုခေါ်မလဲအရာအား လုံးကအဆင်မပြေမှုတွေများနေတော့လှုပ်ရှားရတာ ကျွန်တော့်တို့ အတွက်အခက်အခဲတအားဖြစ်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here