ပရိသတ်တွေအတွက် Music Video တစ်ပုဒ် အွန်လိုင်းပေါ် တင်သွားဖို့ ရှိတယ်ဆိုတဲ့ ငွေဇင်လှိုင်း

0
232

Myanmar Idol Season 3 မှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းက တော့လတ်တလောမှာ သူ့ရဲ့သီချင်း တွေကို ပရိသတ်လက်ထဲ အမြန် ထည့်နိုင်အောင်ကြိုးစား နေတယ်လို့သိရပါတယ်။ ပရိ သတ်လက်ထဲ ဘယ်လိုသီချင်း တွေ ပေးအပ်သွားမလဲလို့ မေး ကြည့်တဲ့အခါမှာတော့ ငွေဇင်လှိုင်း က . . .

”သီချင်းခွေနဲ့ပတ်သက်ပြီးတော့ ငွေဇင် Single ခွေ လုပ်ဖို့ တော့ လိုပါသေးတယ်။Single ခွေက အကုန်အကျလည်းတအားများတော့ ငွေဇင်အတွက် မစုနိုင် သေးတဲ့အခါကျတော့ မထုတ်နိုင်သေးဘူး။ ဒါပေမဲ့ ငွေဇင်ရဲ့သီချင်းကို မျှော် နေတဲ့ပရိသတ်တွေအတွက် Single Song လေးလုပ်ဖြစ်မယ်လို့ စိတ်ကူး ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေနဲ့ အလှမ်းမကွာချင်ဘူး။ ပြီး တော့ Idol Winnner အခွေထွက်ပြီးမှ ငွေဇင်တို့အခွေထွက်ရမှာဆိုတော့ ကိုယ်လည်း ပိုက်ဆံမရှိတာနဲ့ ကွက်တိ ဖြစ်နေတာပေါ့(ရယ်လျက်)။ သူ့ကိုစောင့်ရင်းနဲ့ ကိုယ်ကတစ်ပုဒ်ချင်းစီ လုပ် သွားတဲ့အခါကျတော့ အဆင်ပြေတာပေါ့။ ပရိသတ်တွေဆီလည်း သီချင်းတွေ ဆက်တိုက်နားထောင်လို့ရအောင်ပေါ့။ လောလောဆယ် ငွေဇင်တို့ သူငယ်ချင်း သုံးယောက် ပိုးမီရယ်၊ နော်ဂျက်ရယ်၊ ငွေဇင်ရယ် အခုလကုန်ခါနီး အွန်လိုင်း ပေါ် တင်ပေးဖို့ရှိတယ်။ သီချင်းတွေလည်းသွင်းပြီးသွားပြီ။ Mixing တွေလည်း ဆွဲပြီးသွားပြီ။ Music Video လေးနဲ့ ချပြချင်လို့ ပရိသတ်တွေစောင့်နေရသ လိုဖြစ်နေတာပါ။ ဒီသီချင်းလေးက အချစ်သီချင်းလေးမဟုတ်ဘူး။ နား ထောင်တဲ့သူတွေကို တစ်ခုခုကျန်နေမယ့် သီချင်းလေးလို့ထင်တယ်။ အဲဒီ သီချင်းလေးကတော့ မကြာခင်မှာ ပရိသတ်တွေရှေ့ ရောက်ရှိလာမှာပါ။ Music Video လေးအနေနဲ့ လကုန်ရင် အွန်လိုင်းပေါ်ကနေ ပရိသတ်တွေရှေ့ ရောက်လာဖို့ရှိပါတယ်။ အဲဒီအတွက် ပရိသတ်အားပေးကြပါဦး”လို့ ပြော ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here