ကျန်းမာရေးကောင်းမွန်လာပြီမို့ အနုပညာအလုပ်တွေ ပြန် လုပ်တော့မယ့် ကင်းကောင်

0
448


ပရိသတ်တွေ ဘဝအမော ပြေ ပျောက်စေဖို့အတွက် ရယ်စရာ မောစရာတွေကို ဟာသအနုပညာနဲ့ တင်ဆက်နေသူကတော့ ကင်း ကောင်ပဲ ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး ပရိသတ်ရှေ့မှောက် ကနေ ကာလအတန်ကြာ ပျောက် ကွယ်သွားခဲ့တဲ့ ကင်းကောင်ကို ပရိသတ်ကြီးက စိုးရိမ်ပူပန်လျက် ရှိကြပါတယ်။ လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကင်း ကောင်ကို မေးမြန်းကြည့်တဲ့အခါမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။

”အခု ကျန်းမာရေးကတော့ ကောင်းသွားပါပြီ။ ပရိသတ်ကြီးက စိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။ ကျန်းမာရေးက ဘာဖြစ်တာလဲဆိုတော့ အစာပြွန် ပိတ်တာ၊ အစာပြွန်ရောင်တာပါ။ အခုတော့ ခွဲထုတ်လိုက်လို့ ကောင်း သွားပါပြီ”လို့ ပြောပြခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီမို့ အနုပညာ အလုပ်တွေကိုလည်း ပြန်လည်လုပ် ကိုင်နေပြီဖြစ်ပြီး အခုလတ်တ လောမှာ MRTV-4 က ထုတ်လွှင့်မယ့် ‘သာမိုမီတာ’ ဇာတ်လမ်းတွဲကို ဒါရိုက်တာ ကိုသန့်စင်တို့နဲ့အတူတူ ရိုက်ကူးနေတယ်လို့လည်း သိရပါ တယ်။ ပရိသတ်တွေက ကင်းကောင် ကိုတွေ့တာနဲ့ရယ်ရတော့မယ်၊ ပျော်ရ တော့မယ်ဆိုပြီး ဟာသအမြင်နဲ့ အမြဲ တမ်းမြင်နေတယ်နော်လို့ဆိုတော့ …

”ပရိသတ်တွေက ဟာသကို ကြည့်ရင် သဘောကျကြတယ်။ ကျွန် တော့်ကို မြင်ရင် ရယ်ချင်ကြတယ်၊ ပျော်ချင်ကြတယ်ဆိုတာ ဘုရားက ပေးတဲ့ ပါရမီလေ။ ပရိသတ်က ကိုယ့် ဟာသတွေကို သဘောကျကြတယ်။ ကျွန်တော် အနုပညာအလုပ်လုပ်ခဲ့ တာလည်း ကြာပြီဆိုတော့ ကျွန် တော့်ကို အခုအချိန်ထိ မြတ်မြတ်နိုးနိုး ချစ်ချစ်ခင်ခင်ရှိကြတဲ့အတွက်ရော အခုအချိန်အထိ အားပေးနေတဲ့ အ တွက်ရော ကျေးဇူးတင်ပါတယ်။ ပရိ သတ်ကြိုက်တဲ့ ဟာသတွေကိုလည်း ကျွန်တော်ကြိုးစားပြီးတော့ ဖျော်ဖြေ တင်ဆက်ပေးပါဦးမယ်”လို့လည်း ကင်းကောင်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here