အိမ်တော်ရာစေတီ ခြင်းအလှခတ်ပွဲတော်တွင် ခြင်းအသင်းပေါင်း ၉၂၅ သင်း ပါဝင်ဆင်နွှဲ

0
248

မန္တလေးမြို့ ၊ မဟာလောကရံသီ အိမ်တော်ရာစေတီ၏ ၁၇၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အ ကြို ဧည့်ခံကျင်းပတဲ့ ၄၄ ကြိမ် မြောက် မြန်မာ့ရိုးရာခြင်းအလှခတ် ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက် နံနက် ၈ နာရီက အိမ်တော်ရာစေတီ ခြင်းလုံး ကစားရုံမှာ ကျင်းပခဲ့ပါတယ်။

”ကျွန်တော်တို့ ဟာဒီပွဲဖြစ် မြောက်ဖို့ နယုန်လပြည့်ကျော်က တည်းက စီစဉ်ကြိုးစားခဲ့ရတာပါ။ မဟာမုနိဝါဆိုခြင်းပွဲစကတည်းက ကျွန်တော်တို့ စပြီးကြော်ငြာရပါ တယ်။ ၄၄ ကြိမ်မြောက် အိမ်တော် ရာစေတီ ခြင်းအလှခတ်ပွဲတော်မှာ ခြင်းအသင်းပေါင်း ၉၂၅ သင်း ပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်” ဟု အိမ်တော်ရာခြင်းအလှခတ်ပွဲတော်ကျင်းပရေးကော်မတီအတွင်းရေးမှူး ဦးခင်မောင်ညွှန်က ပြောပါတယ်။

”မျိုးဆက်သစ် မြန်မာ့ရိုးရာ ခြင်းလုံးကစားသမားတွေကို ဒီလိုပွဲ တော်တွေက မွေးထုတ်ပေးတာဖြစ် ပါတယ်။ မြန်မာ့ရိုးရာ အားကစားလို့ ကြည့်လိုက်ရင် ဒီတစ်မျိုးပဲရှိပါ တယ်။ နိုင်ငံတော်အစိုးရကလည်း မြန်မာ့ရိုးရာ ခြင်းအားကစားကို မြှောက်စားပေးမယ့် သတင်းလည်း ကြားရပါတယ်။ အင်မတန်ဝမ်းသာဖို့ ကောင်းပါတယ်။ အခုဆိုရင် အိမ် တော်ရာခြင်းရုံက မြန်မာ့ရိုးရာခြင်း မျိုးဆက်သစ် တွေမွေးထုတ်ပေးတာ ၄၄ နှစ်ပါပြီ။ အင်မတန်ဂုဏ်ယူ စရာကောင်းပါတယ်” ဟု မြန်မာ့ရိုးရာခြင်းလုံးအားကစားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်ကျော်က ပြော ပြပါတယ်။

အိမ်တော်ရာစေတီခြင်းအလှ ခတ်ပွဲတော်ကို တော်သလင်း လဆန်း ၁၂ ရက်မှ သီတင်းကျွတ် လဆန်း ၁၂ ရက်ထိ ရက်ပေါင်း ၃၁ ရက်ကြာ နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နေ့စဉ်ခြင်း အ သင်းပေါင်း ၃ဝ က ခြင်းခတ်ကစားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here