ဗီဒီယိုဈေးကွက်ပျက်သွားပေမယ့်လည်း ဇာတ်လမ်းတွဲတွေကြောင့်ပရိသတ်တွေ အလွမ်းဖြေနိုင်တယ်ဆိုတဲ့သရုပ်ဆောင်ဝါဝါအောင်

0
275

သရုပ်ဆောင်ပိုင်းမှာ ကျရာဇာတ်ကောင်စရိုက်ကို အပို အလိုမရှိ ပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ယနေ့ထက်တိုင် ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင်ဝါဝါအောင်ပဲဖြစ်ပါတယ်။ အခုလတ်တလောမှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပုဂံဒေသဘက်မှာ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ဆက်လက်ပါဝင်ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရတာ ဘယ်လိုအားသာ ချက်တွေရှိလဲဆိုတာကို “အန်တီဝါက သရုပ် ဆောင်ဆိုတော့ ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ဇာတ် ကားပဲဖြစ်ဖြစ်ရိုက်ကူးရတာကတော့ အတူတူ ပါပဲ။ အန်တီဝါကသရုပ်ဆောင်လုပ်ရတာကို ဝါ သနာပါတဲ့အပြင်ကိုယ့်ရဲ့အသက်မွေး ဝမ်းကျောင်းဆိုတော့ ဘာပဲရိုက်ရရိုက်ရ ရိုက်မှာပါ။ ဗီဒီယိုဈေးကွက်ပျက်သွားပေ မယ့်လည်း ဇာတ်လမ်းတွဲတွေကြောင့် နယ်မှာရှိတဲ့ ပရိသတ်တွေ၊ ရုပ်ရှင်ရုံမရှိ သေးတဲ့နေရာမှာ ပရိသတ်တွေက ဇာတ် လမ်းတွဲတွေကြည့်ပြီး အန်တီဝါတို့ကိုတွေ့ နိုင်တယ်။ အလွမ်းဖြေနိုင်တယ်။ ဇာတ် လမ်းတွဲဆိုတော့ အန်တီဝါတို့ကို နေ့တိုင်းနီး ပါးမြင်တွေ့နိုင်တယ်”လို့ ဝါဝါအောင်က ပြောပြ ခဲ့ပါတယ်။

ဗီဒီယိုဈေးကွက် ပျက်စီးသွားတဲ့အပေါ် ကိုကော ဘယ်လိုမြင်မိလဲဆိုတာကို “ခေတ်ရေစီး ကြောင်းအရ ဗီဒီယိုဈေးကွက်ပျက်သွားပြီး ရုပ်ရှင် တွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများလာတယ်။ ရုပ်ရှင်တို့၊ ဇာတ်လမ်းတွဲတို့က သူတို့အဖွဲ့နဲ့ သူတို့ ရိုက်ကူးကြတာလေ။ ဗီဒီယိုမှာကျတော့ စက်မှု လုပ်သားတွေ၊ ဇာတ်ပို့ဇာတ်ရံတွေ၊ ကိုလူချောတို့ အဖွဲ့တွေအများကြီးရှိတယ်လေ။ အခုရုပ်ရှင်တို့၊ ဇာတ်လမ်းတွဲတွေမှာကျတော့ သူတို့တွေ အကုန်အပြည့်မပါနိုင်ကြဘူး။ သူတို့တွေ အလုပ်မရှိ ဖြစ်ကြတော့ စိတ်မကောင်း ဖြစ်မိပါတယ်”လို့ ဝါဝါအောင်က ပြော ပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here