ဂီတ မှတ်တိုင်သစ် စိုက်ထူမယ့်ဝေလရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲ

0
728

Wai La Live in 360 Show ပွဲနီးလာလေလေ စိတ်လှုပ်ရှားလေလေပဲလို့ဆိုတဲ့ ဝေလက သူ့ရဲ့ ဂီတမှတ်တိုင် သစ်အတွက် အသေအချာကိုပြင်ဆင်နေတာပါ။ ဂီတမှာ ထူးချွန်တဲ့ ဝေလလိုသူမျိုးတောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ကိုတော့ ရင်ခုန်နေရတာပဲလေ။

”ပြောချင်တာကတော့ ကျွန်တော်တို့ ပွဲရက်နီးကပ်လာလေ ပိုပြီးတော့ စိတ်လှုပ်ရှားလေပေါ့။ အဲဒီပွဲမှာ အတတ်နိုင်ဆုံး အမှားနည်းအောင်လို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီပွဲလေးကိုလည်း လာရောက်ကြပါဦး” လို့ ဝေလကဆိုပါ တယ်။ ကိုယ်လည်းတစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ပြီဆိုတော့ ရှေ့က စီနီယာအဆိုတော်ကြီးတွေဆီကနေ အလွှမ်းမိုးခံရတာမျိုးတွေရှိလားလို့ဆိုတော့ –

”များပါတယ်။ ရှေ့မှာလည်း ကျွန်တော်တို့ထက် စီနီယာကျတဲ့၊ ကိုယ်လည်းလေးစားရတဲ့ အဆို တော်ကြီးတွေလည်း တောက်လျှောက်လုပ်နေကြတာဆိုတော့ ကျွန်တော်လည်း တော်တော်များများကို ကြည့်ဖြစ်တယ်။ သူတို့ပွဲမှာ ဘယ်လိုဖျော်ဖြေလဲပေါ့” လို့ ဝေလကပြောပါတယ်။ ထူးထူးခြားခြား အနေနဲ့ သီချင်းတွေကို Orchestra နဲ့ ဖျော်ဖြေမယ့်အတွက် သေသေချာချာလေး ပြင်ဆင်နေရတယ် ဆိုတဲ့ ဝေလက –

”အဓိကကတော့ ဒီပွဲကို Orchestra နဲ့ သီချင်းပုံစံတွေကို အခွေထဲကလိုမျိုးမဟုတ် ဘဲနဲ့ တစ်မျိုးပြန်နားထောင်ရမယ်ဆိုတဲ့ ပုံစံလေးပါပဲ။ ပြင်ဆင်မှုအပိုင်းကတော့ တော်တော်များ ပါတယ်။ လူကလည်း အများကြီးကိုး။ စင်ပေါ်မှာတီးမယ့်သူက အယောက် ၅ဝကျော်ကျော် ဖြစ်တယ်။ Quior တွေလည်း ရှိမယ်ဆိုတော့ အကုန်လုံး ညီအောင်လုပ်ဖို့က အချိန်ယူရတယ်။ အဲဒါကြောင့်လည်း တောက်လျှောက် ကို ကျွန်တော်သီချင်းတိုက်နေရ တာပါ” လို့ ပြောပြခဲ့ပါတယ်

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here