သားလေးရှိရင် အရာရာပြည့်စုံပါပြီကိုဥက္ကာကျော် နဲ့ ဆုပန်ထွာ

0
185

သရုပ်ဆောင် ဆုပန်ထွာနဲ့ ခင် ပွန်းဖြစ်သူ ကိုဥက္ကာကျော် တို့ကတော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး Roar Roar Kyaw ရဲ့ ၂ နှစ်ပြည့်မွေးနေ့ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့က Mercure Hotel မှာ မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ သားလေးအတွက် မွေးနေ့ပွဲ ကျင်းပပေးဖြစ်ပုံ နဲ့ပတ်သက်ပြီး ဆုပန်ထွာက…

”အစ်မတို့အဓိကအလှူလေး ဒီနှစ်သူ့အတွက် လုပ်ပေး ချင်တာ။ အဲဒါနဲ့ အစ်မတို့ ဇနီးမောင်နှံနှစ်ယောက် တိုင်ပင်ပြီး တကယ်လိုအပ်တဲ့နေရာလေးမှာ လိုအပ်တာလေး လှူမယ်ဆို ပြီး ယောကျာ်းက မွေးနေ့ပွဲလေးလုပ်မယ် ပြောလာတာနဲ့ လုပ်ဖြစ်သွားတာပါ။ မွေးနေ့လုပ်မယ် ဆိုကတည်းက သူက တော့ Mercure Hotel မှာ လုပ်မယ်ပေါ့။ အစ်မတို့ အလှူ လေးလုပ် ချင်လို့ ဒါလေးကို လုပ်ဖြစ်တာပါ။ လုပ်ဖြစ် တဲ့အချိန် မှာလည်း ကလေး အမေတွေ၊ မိသားစုတွေများ တယ်ပေါ့နော်။ အဲဒီ အတွက် အကုန်လုံးပဲ အဆင်ပြေသလို လုပ်ရတဲ့အတွက် အမှားပါရင်လည်း နားလည်ပေးကြ ပါ။ သားလေးမွေးနေ့ပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုအချိန် ၅ နာရီ ၄၅ မိနစ်မှာ သားသားကို မွေးခဲ့တာ။ အစ်မစစချင်းသူ့ကို မြင်တဲ့အချိန် ဒေါက်တာ့လက်ထဲမှာ ကလေးက ဖြူဖြူဖွေးဖွေးနဲ့ တုတ် တုတ် ကြီး။ ၉ ပေါင်နဲ့ ၂ အောင်စ တောင်ရှိခဲ့တယ်။ ဒေါက်တာတောင် သူ့ကို အံ့သြနေတာ အကြီးကြီးဆိုတော့။ အစ်မလည်း သူ့ကိုကြည့်တယ်။

ခြေလက်အင်္ဂါ အစုံအလင် ပါတယ် ဆိုပြီး အစ်မသူ့ကို မြင်လိုက်တဲ့အချိန်ကစပြီး အစ်မဘဝမှာ အစစအရာရာ အားလုံးပြည့်စုံသွား ပြီ။ ဘာမှ မလိုတော့ဘူး။ အဲဒီခံစားချက် လေးက အခုချိန်ထိ ဖြစ်မိနေ တုန်းပဲ”လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ သားလေးနဲ့ ပတ်သက် ပြီး…

”အစ်ကိုလည်းသူ့ကိုမွေးပြီး တဲ့အချိန် မှာတော့ ရင်ထဲပေါ့ သွားတယ်။ ဒါပေမဲ့ မမွေးခင်အချိန်မှာတော့ တချို့ကကလေးမွေးတဲ့အချိန်က အမေတွေပဲစိတ်ပူတယ် ထင်တာ။ တကယ်တော့ အဖေတွေလည်း စိတ်ပူရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here