ဘက်ကင်ဟမ်နန်းတော်နီးမှာ ဟော်လိုဂစ်တာ တစ်လက်နဲ့ Suprise လုပ်ခဲ့တဲ့ Justin Bieber

0
146

ဂျက်စတင်ဘီဘာက သူ့ ချစ်သူနဲ့သူ့ပရိသတ်တွေကို Suprise လုပ်တဲ့အနေနဲ့ အင်္ဂလန်နိုင်ငံက ဘတ်ကင်ဟမ်နန်းတော်ကြီး အပြင်ဘက်မှာ ဟော်လိုဂစ်တာတစ်လုံး တည်းနဲ့ သီချင်းတွေ ဆိုပြခဲ့ ပါတယ်။

၂ဝ၁၆ခုနှစ်တုန်းကထွက်ခဲ့တဲ့ သူ့ရဲ့  Cold Water သီချင်းနဲ့ အဆိုတော် ထရေစီချက်မန်းရဲ့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော်တေးသီချင်းတစ်ပုဒ်ဖြစ် တဲ့ Fast Car အစရှိတဲ့ သီချင်းတွေသီဆိုပြခဲ့ပါတယ်။ သူ့ချစ်သူ ဘော်ဒွင်အပါအဝင် ပရိသတ်အချို့က အံ့သြ တကြီးနဲ့  သူတို့ ဖုန်းတွေထုတ်ပြီး ဗီဒီယိုတွေ ရိုက်ကူးခဲ့ကြပါတယ်။

ဂျက်စတင် ဘီဘာ ဟာသူ့ချစ်သူ ဘော်ဒွင်ဖက်ရှင် လာလျှောက်တဲ့လန်ဒန် ဖက်ရှင်ပွဲကို လိုက်လာရင်း လန်ဒန်ကို အလည် ရောက်နေခဲ့တာပါ။

မြို့ထဲကစိတ်ဝင်စားစရာနေရာတွေလျှောက်လည်အပြီးမှာ နန်း တော်ကိုရောက်ခိုက် အားလုံးကို အတိုင်းမသိ ပျော်ရွှင်မှုတွေပေးတဲ့အနေနဲ့ရော၊ သူ့ချစ်သူ အတွက်ရော အခုလိုအံ့သြသွားအောငှ်ကမစမငျန လုပ်လိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ သူတို့ ချစ်သူနှစ်ဦး နယူးယော့ခ်မြို့မှာ လျှို့ ဝှက်လက်ထပ်ထား လိုက်ကြပြီ ဆိုတဲ့ သတင်းတွေ ထွက်လာ အပြီး အခုလို လူကြားထဲမှာ တွေ့ခဲ့ရတာ ပါ။ ဘော်ဒွင်ကတော့ လက်ထပ်တဲ့ သတင်းကို ငြင်းထားတယ်လို့ သိရပါ တယ်။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here