ကျရာဇာတ်ရုပ်မှာ ပီပြင် အောင် သရုပ်ဆောင်နိုင်မှုကြောင့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရယူပိုင် ဆိုင်ထားနိုင်သူကတော့စွယ်စုံရ သရုပ်ဆောင်ပြေတီဦးပဲဖြစ်ပါတယ်။ လတ်တလော ရုံတင်ပြသနေတဲ့ ဒါ ရိုက်တာမိုက်တီးရဲ့ ‘ရိုက်စား’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စိုးမြတ်သူဇာ၊ လစ်(ဘ)ဘီ ၊မိုးဒီ၊ ဗေလုဝ၊ ခင်လှိုင်၊ ဧရာတို့နဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထား တာကိုတွေ့ရပါတယ်။ အခုလက် ရှိမှာ ဒါရိုက်တာမိုက်တီး မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ပြေတီဦးက အခုလို ပြောပါတယ်။
”မဖြစ်စေချင်ဘူးပေါ့။ ဒီလိုမျိုး တွေမြင်ရကြားရတာကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ တအားလည်းစိတ်မ ကောင်းဖြစ်ရတယ်။ အစ်ကို အနု ပညာလောကထဲစရောက်ကတည်း က ကိုမိုက်က အစ်ကို့ရဲ့လက်ဦး ဆရာလိုမျိုး၊ ကိုမိုက်တို့သင်ပေးတဲ့ ပညာတွေ၊ လမ်းညွှန်ပေးခဲ့တာတွေနဲ့ စခဲ့ရတာဆိုတော့ ကိုယ့်ဆရာ အခု လိုမျိုးဖြစ်သွားတဲ့အတွက် ဝမ်းလည်းဝမ်းနည်းတယ်” လို့ ပြောပါတယ်။
ဒါရိုက်တာမိုက်တီးဆီက အနု ပညာနဲ့ပတ်သက်ပြီး လေးစားအား ကျရတဲ့အချက်တွေကိုလည်း ပြေတီဦးက . . .
”အနုပညာနဲ့ပတ်သက်လာရင် ကိုမိုက်က တအားကိုလောဘကြီး တယ်။ သူလိုချင်တာတစ်ခုခုကို မရရ အောင်ကိုလုပ်ရမှ ကျေနပ်တယ်။အနုပညာနဲ့ပတ်သက်လာရင်ဘယ်သူ့မျက်နှာမှသိပ်ပြီးမထောက်ဘူး။အနုပညာအပေါ်မှာလည်း သစ္စာရှိ တယ်။ ဒီအချက်တွေက ကျွန်တော်တို့လေးစားအားကျရတဲ့အချက်တွေပါ။ အခုဒီရိုက်စားရုပ်ရှင်ဇာတ်ကားကို ကိုမိုက်နဲ့အတူတူကြည့်ရှုရင် ပိုပြီးပျော်စရာကောင်းမှာပါ” လို့ ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ – ဇော်ဝင်းအောင်