ဒါရိုက်တာ မိုက်​တီး ဆီ ကအနုပညာနဲ့ပတ်​သက်​ပြီးလေးစားအားကျရတဲ့အချက်​တွေကိုပြေတီဦး ပြောပြ

0
470


ကျရာဇာတ်ရုပ်မှာ ပီပြင် အောင် သရုပ်ဆောင်နိုင်မှုကြောင့် ​ဒီနေ့ဒီအချိန်​ထိ ပရိသတ်တွေရဲ့ တစ်​ခဲနက်​အားပေးမှုကို ရယူပိုင် ဆိုင်ထားနိုင်​သူကတော့စွယ်​စုံရ သရုပ်​ဆောင်​ပြေတီဦးပဲဖြစ်​ပါတယ်။ လတ်တလော ရုံတင်​ပြသနေတဲ့ ဒါ ရိုက်​တာမိုက်​တီးရဲ့ ‘ရိုက်​စား’ ဆိုတဲ့ရုပ်​ရှင်​ဇာတ်​ကားကြီးမှာလည်း စိုးမြတ်​သူဇာ၊ လစ်​(ဘ)ဘီ ၊မိုးဒီ၊ ဗေလုဝ၊ ခင်​လှိုင်၊ ဧရာ​တို့နဲ့အတူ အတွဲညီညီပါဝင်​သရုပ်​ဆောင်​ထား တာကိုတွေ့ရ​ပါတယ်​။ အခုလက် ရှိမှာ ဒါရိုက်​တာမိုက်​တီး မူးယစ်​ဆေးဝါးအမှုနဲ့ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်​ပြီး စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ပြေတီဦးက အခုလို ပြောပါတယ်။

”မဖြစ်​စေချင်​ဘူးပေါ့။ ဒီလိုမျိုး တွေမြင်​ရကြားရတာကောင်းတဲ့ကိစ္စ မဟုတ်​ဘူး။ တအားလည်းစိတ်​မ ကောင်းဖြစ်​ရတယ်​။ အစ်ကို ​အနု ပညာလောကထဲစရောက်​ကတည်း က ကိုမိုက်​က အစ်​ကို့ရဲ့လက်​ဦး ဆရာလိုမျိုး၊ ကိုမိုက်​တို့သင်​ပေးတဲ့ ပညာတွေ၊ လမ်းညွှန်​ပေးခဲ့တာတွေနဲ့ စခဲ့ရတာဆိုတော့ ကိုယ့်​ဆရာ အခု လိုမျိုးဖြစ်​သွားတဲ့အတွက်​ ဝမ်းလည်း​ဝမ်းနည်းတယ်​” လို့ ပြောပါတယ်​။

ဒါရိုက်​တာမိုက်​တီးဆီက အနု ပညာနဲ့ပတ်​သက်​ပြီး လေးစားအား ကျရတဲ့အချက်​တွေကိုလည်း ပြေတီဦးက . . .

”အနုပညာနဲ့ပတ်​သက်​လာရင်​ ကိုမိုက်​က တအားကိုလောဘကြီး တယ်​။ သူလိုချင်​တာတစ်​ခုခုကို မရရ အောင်​ကိုလုပ်​ရမှ ကျေနပ်​တယ်​။အနုပညာနဲ့ပတ်​သက်​လာရင်​ဘယ်​သူ့မျက်​နှာမှသိပ်​ပြီးမထောက်​ဘူး။အနုပညာအပေါ်မှာလည်း သစ္စာရှိ တယ်​။ ဒီအချက်​တွေက ကျွန်​တော်​တို့လေးစားအားကျရတဲ့အချက်​တွေပါ။ အခုဒီရိုက်​စားရုပ်ရှင်​ဇာတ်​ကားကို ကိုမိုက်​နဲ့အတူတူကြည့်​ရှုရင်​ ပိုပြီးပျော်​စရာကောင်းမှာပါ” လို့ ပြောပြခဲ့ပါတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ – ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here