မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်လက်ခံလာကြပြီး ပရိသတ်လက်ခံလာကြပြီး အရင်ထက်တိုးတက် လာတယ်လို့ မြင်တယ်စည်သူဝင်း

0
318

‘မိုးကောင်းကင်အိပ်မက်’ဇာတ် လမ်းတွဲမှာ ရဲသွေးအဖြစ် ပရိသတ် တွေ အသိအမှတ်ပြုမှု ရရှိခဲ့သူက တော့ စည်သူဝင်းပါ။ ကိုရီးယားရုပ် သံဇာတ်လမ်းတွဲတွေ အောင်မြင်မှုရ နေချိန်မှာ မြန်မာဇာတ်လမ်းတွဲတွေ ကို အခုလိုပရိသတ်အားပေးမှု ရရှိ လာအောင် ရိုက်ကူးပုံဖော်ပေးခဲ့တဲ့ MRTV-4 ရုပ်သံလိုင်းကို အထူးပဲ ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။မြန်မာဇာတ်လမ်းတွဲတွေ အောင်မြင် လာရတဲ့အကြောင်းနဲ့ပတ်သက်ပြီး စည်သူဝင်းက….

”ကျွန်တော်တို့ရဲ့ အ ရည်အချင်းလေးတွေ၊ ကျွန်တော်တို့ စိတ်ထဲမှာ ရှိတဲ့ ရူးသွပ်မှုလေးတွေကို ဖော်ပြခွင့်ရအောင် လုပ်ပေးတာဟာ MRTV-4 ပါပဲ။ ဘယ်သူမှ ဒီလို မလုပ်ပေးကြဘူး။ မြန်မာနိုင်ငံမှာဆို ရင် ပိုဆိုးတယ်။ ကိုယ့်ရဲ့ ဆွေမျိုးနီး စပ်တော်မှ မင်းသားမင်းသမီး တင် ချင်ကြတယ်။ ကိုယ်နဲ့ ပတ်သက်နေမှ မင်းသားမင်းသမီးတင်တဲ့ မြန်မာနိုင် ငံရဲ့ ရုပ်ရှင်လောကကြီးမှာ MRTV-4 က သွေးမတော်သားမစပ်ဘဲနဲ့ ကျွန်တော်တို့တွေကို တင်မြှောက်ပေး တယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြိုးစားချင်စိတ်တွေ ဖြစ် လာတယ်။ ကျွန်တော်တို့ကမကောင်း ပါဘူး။ ကျွန်တော်တို့က အသစ်တွေ ပါ။ ဒီဇာတ်လမ်းတွဲမှာလည်း လိုအပ် ချက်တွေ အများကြီးရှိပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ရဲ့ လိုအပ်ချက် တွေကို ပြင်ဆင်ခွင့်ပေးတယ်။ အဲဒီ အတွက်ကြောင့် မြန်မာဇာတ်လမ်း တွဲတွေက တိုးတက်လာတယ်လို့ ထင် ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေ ကိုတော့ မီမှာတော့ မဟုတ်သေးပါ ဘူး။ သူတို့က ကမ္ဘာနဲ့ချီပြီးတော့ အောင်မြင်တယ်။ သူတို့ ပေးဆပ်ထားတဲ့ အချိန်တွေကအများကြီးပဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော် တို့လည်း အဲဒီလိုဖြစ်အောင်လို့ ရပ် မနေဘဲနဲ့ သွားနေပါတယ်။ အချိန် တစ်ခု ကျလာအောင် ကြိုးစားနေပါ တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေ လို မငိုရင်တောင် မြန်မာပရိသတ် တွေ ကြိုက်နှစ်သက်လောက်အောင် လို့ ဇာတ်လမ်းတွေ ပြင်ဆင်တယ်။ အကောင်းဆုံး ပေးဆပ်တယ်။ အကောင်းဆုံးလုပ်လာခဲ့လို့လည်း ပရိသတ်တွေက အခုလောက်ထိ အားပေးတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။

 

စည်သူဝင်းက လူငယ် တစ်ယောက်အနေနဲ့ ရိုးသားကြိုးစား ပြီး ဘဝကို ဖြတ်သန်းနေသူပါ။ သူ လက်ခံထားတဲ့ ဘဝခံယူချက်နဲ့ပတ် သက်ပြီး စည်သူဝင်းက…

”ကျွန်တော့် ခံယူချက်က ကောင်း တာလုပ်ရင် ကောင်းတာဖြစ်မယ်။ စိတ်ကောင်း ထားရင် ကိုယ့်အတွက် ကောင်းတာ တွေပဲဖြစ်လာလိမ့်မယ်။ သူတစ်ပါး အပေါ် စိတ်ရှင်း ရှင်းထား တယ်”လို့ သူ့ရဲ့ခံယူချက်တွေကို ပြောပြပါတယ်။

 

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here