Face of Beauty International 2018 သရဖူကို မြန်မာ့ဂုဏ်ဆောင် ဆွတ်ခူးပေးနိုင်ခဲ့တဲ့အလှမယ်မြင့်မိုရ်မေ

0
239

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပပြုလုပ်တဲ့ Face of Beauty International 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် မြင့်မိုရ်မေကတော့ Miss Face of Beauty International 2018 သရဖူဆုကြီးအပြင် People Choice’s Award နဲ့ National Costume 2nd Runner Up ဆုတွေကိုပါရရှိခဲ့ပြီး စက်တင်ဘာလ ၁၈ရက်နေ့က မြန်မာနိုင်ငံဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ ခံစားမှုပီတိကို အလှမယ် မြင့်မိုရ်မေ က အခုလိုပြောပြခဲ့ပါတယ်။

”ဒါက ညီမ International မှာ ပထမဆုံးသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံပေါ့နော်။ ပထမဆုံး သွားပြိုင်တဲ့အခါမှာ ညီမ Winner ဆုကိုရခဲ့တယ်။ ကိုယ်လုပ်နိုင်တာကို သက်သေပြနိုင်ခဲ့တယ်။ အဲဒီအတွက် ညီမတအားလည်းပျော်ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီး ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း လေးဆယ်ကျော်ကနေလာတဲ့ လူတွေအများ ကြီးနဲ့ တွေ့ရတယ်။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်ဆက်ဆံ ရတယ်။ လူတွေအများကြီးနဲ့လည်း ပေါင်းသင်းဆက် ဆံတတ်လာတယ်။ ပြိုင်ပွဲကာလမှာ အခက် အခဲ တွေကိုဘယ်လိုစိတ်အေးအေးထားပြီး ကျော်ဖြတ်ရတယ်ဆိုတာသိခဲ့တယ်။ တအားလည်း ကျေနပ်ပါ တယ်” လို့ပြောပါတယ်။

Miss Face of Beauty International 2018 အလှမယ်တစ်ယောက်အနေနဲ့ ပရဟိတအလုပ်တွေ လုပ်ဆောင်သွားဖို့ ရှိမလားလို့ မေးမြန်းကြည့်တော့…

”ညီမက International မှာ Winner ဖြစ်သွားပြီဆိုတော့ International က Organization နဲ့အတူ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်။ သူတို့နဲ့အတူ အခြားလုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း လုပ်သွားမယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံက Organization နဲ့အတူ ပရဟိတအလုပ်တွေ လုပ်သွားမယ်” လို့လည်းမြင့်မိုရ်မေကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here