ကလေး တစ်ယောက် ထပ်လိုချင်သေးတယ်ဒါရိုက်တာဝိုင်း

0
150

ဇာတ်လမ်းကောင်းကောင်းတွေကို ပရိသတ်သဘောကျ၊ ကြိုက် နှစ်သက် အောင် ရိုက်ကူးပြီး အနုပညာလောကရဲ့ လေးစားစရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းကတော့ လတ်တလောမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး ပျော်ရွှင်နေပါတယ်။ သားလေးတစ်ယောက် မွေးထားပြီး နောက်ထပ်ကလေးတစ်ယောက် လိုချင်သေးတယ်ဆိုတဲ့အကြောင်းကို ဒါရိုက် တာ ဝိုင်းက အခုလို ပြောပြခဲ့ပါတယ်။

”သားသားကတော့ အသက် ၁ နှစ်နဲ့ ၉ လရှိပါပြီ။ သားလေး နာမည်ကိုတော့ လမင်းသာ (ခ) တူးတူး လို့ ပေးထားပါတယ်။ လမင်းသာဆို တာကတော့ ဗေဒင်ကိန်းခန်းအရ ရော၊ အစ်ကိုလည်း ကြိုက်လို့ ပေး ထားတာ ပါ။ တူးတူးဆိုတာကတော့ သူ့မွေးနေ့ ၂၂ ရက်ဆိုတာလေးကို အစွဲပြုပြီး ပေးထားတာပါ။ ကလေးဆိုတော့လည်း အမြဲတမ်း ပြောင်းလဲမှုက ရှိနေတာပဲ။ သူ့ရဲ့ ပြောင်းလဲတဲ့ပုံစံလေးကို ကြည့်ပြီး အစ်ကို့အနေနဲ့ အလိုက်အထိုက်လေး လုပ်ပေးရတာပေါ့။ ဘာပဲပြောပြောကိုယ့်သားသမီးကို ကောင်းစေချင် တယ်။ အဓိကကတော့ သူ့ဘဝလေး ကောင်းစေချင်တာပါ။ အခုချိန်မှာ သားလေးကို ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမရှိပါဘူး။ သူ့ရဲ့စိတ်ဆန္ဒအတိုင်း သူ့ရဲ့ဝါသနာ အတိုင်း သူဖြစ်ချင်တာကိုပဲ အစ်ကိုခွင့်ပြုမှာပါ။ ဒါပေမဲ့ သူများကို ဒုက္ခ ပေးတဲ့လူတစ်ယောက်တော့ မဖြစ်စေချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ အတွက် ကောင်းတာတွေကိုပဲ လုပ်ပေးချင်တယ်။ သားသားနဲ့ အဖော် ရအောင် နောက်ထပ်ကလေးတစ်ယောက် ထပ်လိုချင်တာ။ သူတစ်ယောက်တည်း အထီး ကျန်နေမှာကို အစ်ကိုမကြိုက်ဘူး”ဆိုပြီး ဒါရိုက်တာဝိုင်းကတော့ သားလေး အကြောင်း ပြောပြခဲ့ပါတယ်။

မိခင်တစ်ယောက်အနေနဲ့တော့ သားလေးကို ဘယ်လိုပြုစုစောင့် ရှောက်မှု တွေ လုပ်ပေးနေလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဝိုင်းရဲ့ဇနီး ဖြစ်သူမအိဉ္ဇာရှိန်က
”ကလေးကိုတော့ ၂၄ နာရီ ပြုစုစောင့်ရှောက်ပေးရတာ ပေါ့။ သားလေးကို လူတော်လူကောင်းလေး ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here