ဒါရိုက်တာ မိုက်တီးရိုက်ကူးတဲ့ ‘ရိုက်စား’ ရုပ်ရှင်ဇာတ်ကားမှာ Professional ရေငုပ်သမားတစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူကတော့အင်္ဂလန်မင်းသမီး လစ်(ဘ)ဘီLibby Jennings ပဲဖြစ်ပါတယ်။ပြေတီဦး၊စိုးမြတ်သူဇာ၊မိုးဒီ၊ ဗေလုဝ၊ ခင်လှိုင်၊ ဧရာတို့နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးတုန်းက ရှုတင်အဖွဲ့သားတွေအကုန်လုံး စည်းစည်းလုံးလုံးနဲ့လုပ်ကိုင်ရတာ တအားပျော်ဖို့ကောင်းတယ်လို့လည်း ပြောပြပါတယ်။
ထိပ်တန်း မင်းသားတစ် ယောက်ဖြစ်တဲ့ကိုပြေတီဦးနဲ့ တွဲဖက်သရုပ်ဆောင်ရ တဲ့အခါဘယ်လိုခံစားမိလဲ ဆိုတာ လစ်(ဘ)ဘီကိုမေးမြန်မးကြည့်တော့…
”ကိုပြေတီဦးနဲ့အတူတူတွဲဖက်သရုပ်ဆောင်ရတာကျေနပ်ဝမ်း သာမိပါတယ်။ သူကအလွန်ပဲ နူးညံ့တယ်။ ခင်မင်ဖို့လည်းကောင်းတယ်။ ပြီးတော့သူကပျော်ပျော်လည်းနေတတ်တယ်။ သူနဲ့အတူတူတွဲဖက်သရုပ်ဆောင်ရတာပျော်ဖို့ကောင်းပါတယ်” လို့လည်းပြောပြပါတယ်။
လစ်(ဘ)ဘီ အနေနဲ့ မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေ နောက်ထပ်လုပ်သွားဖို့ အစီအစဉ်ရှိလားဆိုတာကိုလည်း…
” အခုထိ တော့ကမ်းလှမ်းထားတာဘာမှမ ရှိသေးဘူး။ မြန်မာနိုင်ငံမှာ အနုပညာ အလုပ်တွေနောက်ထပ်လုပ်ကိုင်ဖို့စိတ်ဆန္ဒရှိတယ်။အမြဲတမ်း လက်ကမ်း ကြိုဆိုတယ်။ အနာဂတ်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိဘူး။ အနာဂတ်မှာဘာဖြစ်လာမယ်ဆိုတာလည်း ကြိုပြောလို့မရဘူးလေ” လို့လစ်(ဘ)ဘီကပြောပြခဲ့ပါတယ်။
ကိုယ့်အလုပ်ကို တန်ဖိုး ထားမယ်ဆိုရင်ဘယ်နိုင်ငံမှာပဲ သရုပ်ဆောင်သည်ဖြစ်စေအကုန်လုံးကအတူတူပါပဲလို့လည်း လစ်(ဘ)ဘီက ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ – ဇော်ဝင်းအောင်