ဇာတ်ပို့ ဇာတ်ရံတွေရဲ့ အနုပညာကြေးနဲ့ပတ်သက်လို့ ရင်ဖွင့်စကားဆိုလိုက်တဲ့ဦးကျော်ထူး

0
475

ဗီဒီယိုလောကအခြေအနေက မကောင်းတဲ့အတွက် ဇာတ်ပို့ ဇာတ်ရံတွေအနေနဲ့လည်း ဇာတ်ကား ရိုက်ကူးမှုတွေနည်းလာရပါတယ်။ သူတို့အနေနဲ့ မင်းသား၊မင်းသမီး တွေလောက်လည်း အနုပညာကြေး မရရှိတဲ့အတွက် စုမိ ဆောင်းမိဖို့ဆို တာကလည်း မလွယ်ကူပါဘူး။ဒါ ကြောင့်အခုလိုဇာတ်ကားရိုက်ကူးမှု တွေ နည်း ပါးနေချိန်မှာမိသားစုစား ဝတ်နေရေးကို ဖြေရှင်းရမှာ အခက် အခဲတွေရှိနေကြတာကို ကြားရပါ တယ်။ ဒီအခက်အခဲတွေနဲ့ ပတ်သက် လို့တော့ဟာသသရုပ်ဆောင် ဦး ကျော်ထူးက…

”ကျွန်တော်တို့ကလည်း ဒီအနု ပညာလုပ်ငန်း တစ်ခု ပဲလုပ်တတ်တာ။ နောက်တစ်ခုက ရုပ်ရှင် ဇာတ်ကားတစ်ကားမှာ ကျွန်တော်တို့ရတဲ့ အနုပညာကြေး ကမင်းသားတစ်ယောက် ရဲ့ကားဒရိုင် ဘာလခလောက်ပဲရှိ တယ်။ အဲဒီ တော့ကျွန်တော်တို့တခြား စီးပွားရေး လုပ်ကိုင်ဖို့ဆိုတာမလွယ်ပါ ဘူး။ ဒါပေမဲ့ရတာလေးနဲ့ရသလို ရပ်တည် လာခဲ့တာ နှစ်ပေါင်းလည်းမ နည်း တော့ပါဘူး။ ကျွန်တော်ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်သွားပါတယ်။

ဘန်ကောက်မှာရှိတဲ့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ နေမှုထိုင်မှုစားမှုတွေ ရယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက ကျွန်တော်တို့နဲ့ အများကြီးကွာတယ်။ တစ်ခါတလေကျတော့ အားငယ်တာ ပေါ့ဗျာ။

ဒါပေမဲ့လည်းဒါက ကျွန်တော် တို့ရဲ့ အတိတ်ကံပဲပေါ့လေ။ ဗုဒ္ဓ ဘာသာတိုင်းပြည်မှာလူဖြစ်ရတာ လေးနဲ့ပဲကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဂုဏ်ယူနေရတာပါ” လို့ ရင်ဖွင့်စကား ဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here