အချစ်ကို စိတ်နာနေတဲ့ အပျိုကြီးအဖြစ်မြင်တွေ့ရဦးမယ့်ဖူးစုံ

0
513

ဘယ်လိုဇာတ်လမ်းမျိုးပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူကတော့ သရုပ် ဆောင်ဖူးစုံပဲ ဖြစ်ပါတယ်။ အခုလတ် တလောမှာတော့ ‘အရုပ်ကျရာ ဆေး စက်ထင်’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြီးကို ဒါရိုက်တာအဝေးနဲ့ ရိုက် ကူးနေပြီး ရုပ်သံဇာတ်လမ်းတွဲတစ်ခု မှာလည်း အချစ်ကို စိတ်နာနေတဲ့ အပျိုကြီးတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုလက်ရှိ ရုံတင်ပြသနေတဲ့ ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ ‘ရိုက်စား’ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ကိုပြေတီဦးရဲ့ အတွင်းရေး မှူးနေရာကနေ ပါဝင်သရုပ်ဆောင် ထားပြီး ဒီဇာတ်ကားစပြီး ရိုက်ကူး ကတည်းက တခြားရှုတင်တွေနဲ့ မတူဘဲနဲ့ တစ်ချိန်လုံး ရယ်နေရတယ်၊ ပျော်နေရ တယ်လို့ ပြောပါတယ်။ ‘ရိုက်စား’ ရုပ်ရှင်ဇာတ်ကားမှာ ဖူးစုံပါဝင်ရတဲ့ အခန်းက နည်းတာနဲ့ ပတ်သက်ပြီးတော့လည်း..

”ပါဝင်ရတဲ့ အခန်းက နည်း တော့ ဖူးစုံကို ဇာတ်လမ်းကြိုမမေး ဘူးလားလို့ ပြောကြတယ်။ ကိုမိုက်က ဒီဇာတ်ကားကို ရိုက်ကူးမယ်လို့ပြော တဲ့ အချိန်မှာ ကိုယ်လုပ်နိုင်မယ်လို့ သူက ယုံကြည်ပြီး ကိုယ့်ကိုကမ်း လှမ်းတာဖြစ်တဲ့အတွက်ကိုယ်က လည်း မေးစရာမလိုဘူးလေ။ ကိုမိုက် ခိုင်းတဲ့အတိုင်း ဖူးစုံလုပ်ပေးဖြစ် တယ်။ ဘာလို့လဲဆိုတော့ ဖူးစုံရဲ့ အနုပညာခြေလှမ်းအစက ကေသီ ပန်ခြံက စခဲ့တာ။ ဖူးစုံတို့အသစ်တွေ ၁၁ယောက်လောက် ရှိတယ် ကိုမိုက် တို့ Train ပေးတာ။ အဲဒီတုန်းက သင်တန်းတွေ ဘာတွေ မရှိသေးဘူး။ ကိုမိုက်တို့က သူတို့ခြံရောက်တဲ့ သူတိုင်းကို စနစ်တကျ သင်ကြားပေး တယ်။ ကိုမိုက်တို့နဲ့က မိသားစုလို လည်း ဖြစ်နေတာဆိုတော့ ကိုမိုက်က ဒီဇာတ်ကားကို ရိုက်ကူးမယ်လို့ ပြော တဲ့အ ချိန်မှာ မိသားစုလုပ်တဲ့အလုပ် တစ်ခုကို ဝိုင်းကူသလိုမျိုးပါ” လို့ ဖူးစုံက ပြောပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံ ထားရတဲ့ ဒါရိုက်တာမိုက်တီးနဲ့ ပတ် သက်ပြီးတော့လည်း ဖူးစုံက …

”ကိုမိုက်က တအားချစ်ဖို့ ကောင်း တယ်။ လူတွေ မသိတာက ကိုမိုက်က တအားလည်း ယဉ်ကျေး တယ်။ စကားကို ပြောချင်ရင် ပြောတယ်။ မပြောချင်ရင်မပြောဘူး ဆိုပြီး ဘုကန့်လန့်လို့ ထင်ကြတယ်။ အဲဒီလို မဟုတ်ပါဘူး။ ကိုမိုက်က တကယ်ကလေးလိုပဲ။ မလင်း ထက်တောင်သူက ငယ်သလို ဖြစ်နေတယ်။ အခုလိုမျိုး ကိုမိုက်ဖြစ် သွားတဲ့ အတွက်မချစ်တို့ မလင်း တို့ထက်မသာဘူး ဆိုရင်တောင် မလျော့ပါ ဘူး။တအားစိတ် မ ကောင်းဖြစ်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here