လက်ဦးဆရာဖြစ်သူ ရေးပေးတဲ့ သီချင်းသစ်နဲ့ပြုံးမြသွယ်ရဲ့ ဂီတခြေလှမ်း

0
256

တစ်ဖက်က အနုပညာ၊ တစ် ဖက်က ပညာရေး။ နှစ်ဖက်စလုံးကို ဟန်ချက်ညီညီနဲ့ လှုပ်ရှားဖြစ်နေ သူ အဆိုတော်မလေး ပြုံးမြသွယ်။ သူ့ အသက်က ၁၄ နှစ်ပြည့်ခဲ့ပြီ။

”အခုပြုံးက ဒီနှစ် Secondary-2 တက်နေပါတယ်။TOTAL BRAIN WORKS (TAUNGGYI)မှာပါ” လို့ ဆို တဲ့ ပြုံးမြသွယ်က သီချင်းအသစ်လေး တွေ အွန်လိုင်းကနေ ဖြန့်ချိဖို့ စီစဉ် နေကြောင်း ပြောပါတယ်။ ပထမဦး ဆုံးဆိုလို့ရှိရင် ဆောင်းဦးလှိုင် ရေး ပေးထားတဲ့ ‘တစ်ယောက်တစ်ကမ္ဘာ’ ဆိုတဲ့ သီချင်းလေးပါ။ ဆောင်းဦးလှိုင် ကတော့ ပြုံးမြသွယ်ရဲ့ လက်ဦးဆရာ ဖြစ်သလို ပြုံးမြသွယ်အတွက် သီချင်း တွေလည်း ရေးပေးနေကျပါ။ ကိုဆောင်းဦး ရေးပေးတဲ့သီချင်းကို ဆိုရတာ ပြုံးအတွက် တာဝန်ကြီး သလား၊ ဘယ်လို အမှတ်တရရှိခဲ့လဲ လို့ဆိုတော့ –

”တစ်ယောက်တစ်ကမ္ဘာ သီချင်းက ပြုံးရဲ့ပထမဆုံးOnly Melody Music Song ပါ။ Rap ဆိုထားတာမပါပါဘူး။ ဦးဆောင်းဦး ကMelody သီးသန့်ဆိုစေချင်လို့ ရေး ပေးထားတာပါ။ ဦးဆောင်းဦး ရေး ပြီး ပေးထားတာက ၁ နှစ် ကျော်ပါပြီ။ ဖေဖေ့ကိုတော့ ဦးဆောင်းဦးက သူရှိ နေတဲ့ မလေးရှားနဲ့ ဘန်ကောက်မှာ သီချင်းလာသွင်းဖို့ ခေါ်ပါတယ်။ သမီး က ကျောင်းစာတစ်ဖက်နဲ့ မအားလပ် လို့ ဆရာစိုးမိုးသန်းဆီမှာပဲ သီချင်း သွင်းလိုက်ပါတယ်။ ဆရာ စိုးမိုးသန်း ကလည်း အသံသွင်းတဲ့အချိန်မှာ စိတ် တိုင်းကျသင်ပြပေးပါတယ်” လို့ ပြုံးမြ သွယ်က ပြောပါတယ်။ တစ်ကိုယ်တော် စီးရီးခွေကို မျှော်လင့်စောင့်စားနေကြ တဲ့သူတွေအတွက်လည်း ပြုံးမြသွယ် က ”ပြုံးရဲ့ တစ်ကိုယ်တော်စီးရီး ခွေကို ဒီဇင်ဘာလ ၁၂ လပိုင်းမှာ ထွက်ရှိနိုင်ဖို့တော့ကြိုးစားနေပါ တယ်။ တစ်ကိုယ်တော်စီးရီးခွေထွက် လာရင်လည်း ပြုံးကိုချစ်တဲ့ပရိသတ် များ အားပေးကြပါဦးလို့ပြောချင် ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here