အလင်းရောင်ဇာတ်ကားတွေရိုက်ကူးလာနိုင်တာဘယ်သူ့ကြောင့်လဲ

0
348

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုများကို ရရှိထားတဲ့အလင်းရောင်ကတော့ လတ်တလောမှာ သစ္စာချည် တိုင်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီးတော့လည်း အမြဲစမတ်ကျကျဖြစ်နေတတ်တဲ့ အလင်းရောင်ကတော့ ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုလေ့လာဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ အလင်းရောင် က…

”ဖက်ရှင်နဲ့ပတ်သက်ပြီး တော့ အဓိကက ကျွန်တော် Instagram မှာ သုံးတာတွေ ပိုများတယ်။ တစ်ခုခု Fashion ပွဲတစ်ခုသွားရမယ်ဆို ကြိုပြီးတော့ အကုန် ဓာတ်ပုံတွေမြင်နေရတယ်။ အဲဒီဓာတ်ပုံထဲက ကိုယ်နဲ့လိုက်ဖက်မယ့် ပုံရွေးပြီး ဝတ်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ ကျွန်တော်အကြိုက်ဆုံးဖက်ရှင်ဒီဇိုင်းကတော့ ကျွန်တော့်အတွက် ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အဝတ်အစားမျိုးကြိုက်တယ်။ ဒါပေမဲ့ ပွဲတက်မှာလား။ သရုပ်ဆောင်မှာလား အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်မျိုးတည်းသွားနေလို့ မရဘူးဆိုတော့ မျိုးစုံ ပြန်ပြီးတော့ထိန်းရတဲ့အပိုင်းတွေ ရှိပါတယ်”လို့ ပြောပါတယ်။

ဒါရိုက်တာ ဝိုင်းရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် အနုပညာ လမ်းတစ်လျှောက် အောင်မြင်မှုတွေ ရရှိလာတဲ့အပေါ် ဒါရိုက်တာဝိုင်း က ကိုယ့်ရဲ့ ဆရာတစ်ယောက်ဖြစ်နေ ပြီလားလို့ မေးကြည့်တဲ့ အခါမှာတော့ အလင်းရောင်က ”အဓိက ကတော့ ကိုဝိုင်းကြောင့်ပါ။ ကိုဝိုင်းက ကျွန်တော့်ရဲ့ ဆရာတစ်ဦးပါ။ ကိုဝိုင်းရဲ့ သင်ပြပေးမှုတွေ ကြောင့် ဆက်တိုက်ဆိုသလို ကျွန်တော် ဇာတ်ကားတွေ ရိုက်ကူးလာနိုင်တယ်”လို့ ပြောပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုအပေါ် ဘာများပြောချင်သေးလဲလို့ မေး ကြည့်တဲ့အခါမှာတော့ အလင်း ရောင်က …

”ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိ သတ်တွေရဲ့ အားပေးမှု ကြောင့် ကျွန်တော် ဒီနေရာ ထိ ရောက်လာခဲ့ရတာပါ။ အဲဒီအတွက်လည်း ကျွန်တော့် ပရိသတ်တွေကို ကျွန်တော် တတ်စွမ်းတဲ့အနုပညာနဲ့ အကောင်း ဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ဖို့ ကျွန်တော် ကြိုးစားတယ်။ အဲဒီအတွက် လည်း ကျွန်တော့်ကို အမြဲအားပေးကြပါဦး” လို့ အလင်းရောင်က ပြောပါ တယ်။

လတ်တလောမှာတော့ အလင်း ရောင်က ဒါရိုက်တာ စတီးလ်နဲ့ ‘အလျှံပယ်’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးရယ်၊ ဒါရိုက်တာဝိုင်းနဲ့ ‘ကံ့ကော်နီ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင် ဆင်နေတယ်လို့ သိရပါတယ်။

 

သဲစုလှိုင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here