သရုပ်ဆောင် မင်းထက် တရားစွဲဆိုခံထားရသည့် ကာမလိမ်လည်မှုကို အောက်တိုဘာ ၁၁ ရက်တွင် ထပ်မံ စစ်ဆေးမည်

0
252

သရုပ်ဆောင်မင်းထက်အား ရာဇသတ်ကြီး ပုဒ်မ (၄၁၇) ကာမလိမ်လည်မှု နဲ့ သူ့ရဲ့ ချစ်သူဟောင်း မနှင်းအိရွှေရည်က တရားစွဲဆိုထားပါတယ်။

စက်တင် ဘာလ ၂၇ ရက်နေ့က ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တရားရုံးတွင် ပထမ အကြိမ် ရုံးချိန်းအဖြစ် တရားလို မနှင်းအိရွှေရည်နဲ့ တရားစွဲဆိုခံထားရသူ သရုပ်ဆောင်မင်းထက်တို့က လာရောက်စစ်ဆေးမှု ခံယူခဲ့ကြပါတယ်။

ဒီအမှု ကိစ္စနဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲလို့ မေးကြည့်တဲ့အခါမှာတော့ သရုပ်ဆောင်မင်းထက်က …

”အဓိကကတော့ ဒီအမှုကို သူက ကျွန်တော့်ရဲ့ မွေးနေ့ ဒီလ ၂ဝ ရက်နေ့ ပေါ့။ အဲဒီမွေးနေ့နဲ့အညီ ကျွန်တော့်ကို တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီတရားရုံးက စာထွက်အောင် ကြိုးစားခဲ့တာပါ။ အဲဒီရက်ပိုင်းမှာ ကျွန်တော့် ဆီကို တရားရုံးက ဆင့်ခေါ်စာရောက်လာတယ်။ ကျွန်တော် ဖတ်ကြည့်တဲ့ အချိန်မှာ ပုဒ်မ ၄၁၇၊ ကာမလိမ်လည်မှုနဲ့ ကျွန်တော့်ကို တရားစွဲထားမှန်းသိခဲ့ တယ်။ သိခဲ့တဲ့အတွက် ကျွန်တော်တရားရုံးကိုသွားတယ်။ တရားရုံးက လိုအပ် တဲ့အချက်အလက်တွေနဲ့ ကျွန်တော်ရောက်လာပါတယ်ဆိုတာ ကျွန်တော်လက် မှတ်သွားထိုးတယ်။ အောက်တိုဘာလ ၁၁ ရက် ၁၁ နာရီမှာ နောက်ထပ်ရုံးချိန်း သွားဖို့ ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here