ဝါရင့် သရုပ်ဆောင်တွေကလက်တွဲခေါ်ရင်အကောင်းဆုံး ကြိုးစားမယ်ဟန်လေး

0
89

အလှမယ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲ စတင်ဝင် ရောက်လာခဲ့ပြီး ယခုအခါ Photo Model တစ်ယောက်အဖြစ်သာမက ကြော်ငြာတွေမှာပါ တွေ့လာရပြီး ပရိသတ်တွေ သတိထားမိလာသူက တော့ ဟန်လေးပဲ ဖြစ်ပါ တယ်။ အလှမယ်တစ်ယောက်အနေနဲ့ အလှအ ပပိုင်းဆိုင်ရာကို ဘယ်လို ထိန်းသိမ်း ဖြစ်လဲဆိုတာကို…

”ဟန်လေးက အသားဖြူတာ ကြိုက်တယ်။ ဟန်လေးအသားအရေ က အဝါထဲမှာ ပါတယ်။ နယ်သွားပြီ ဆိုရင်အသားအရေ ကြမ်းလာတယ်။ ရန်ကုန်ပြန်ရောက်ပြီဆိုရင် Spa ပြေးရတယ်။ တစ်လကို တစ်ခါ၊နှစ် ခါလောက် Spa သွားဖြစ်တယ်။ Body Lotion အမြဲ လိမ်းတယ်။အသား အရေပိုင်းနဲ့ပတ်သက်ပြီး အမြဲတမ်းဂရုစိုက်ဖြစ်တယ်။Body Structure ပိုင်းကတော့ ဟန်လေးက အစားအသောက်ဆို တအားစားတဲ့ သူမျိုး၊ အစား အသောက်ဆို တအား ကြိုက်တယ်။ များများစားတယ်။ ပြီးမှ Gymဆော့ပြီး ပြန်ထိန်းတယ်။ တချို့ကျတော့ အစားထိန်းတယ်မ ဝဘူး။ ဟန်လေးက အစားအသောက် Crazy ဆိုတော့ ဘယ်ဟာကောင်းလဲ ဆိုပြီး ကောင်း တဲ့နေရာတွေ ရှာစားတယ်။ စားပြီးရင် Gymဆော့ ပေးတယ်။ အဲဒီတော့ မှ ဝိတ်ကကျတာ။ Gym မဆော့ဘူးဆိုရင် ဝိတ်က တက်လာတယ်” လို့ ဟန်လေးက ပြောပြခဲ့ပါတယ်။

ပရိသတ်တွေက ဟန်လေးရဲ့ သရုပ် ဆောင်မှုတွေကို အများကြီး မြင်တွေ့ချင်နေကြတဲ့ အပေါ်ကိုလည်း…

”သရုပ်ဆောင်ဖို့ကတော့ ဟန် လေး အများကြီး ကြိုးစားရမယ်။ ဟန်လေးထက် ဝါရင့်တဲ့ သရုပ် ဆောင်ကြီး တွေအကုန်လုံးက ဟန် လေးကို လက်တွဲခေါ်ခဲ့မယ်ဆိုရင် ဟန်လေးဘက်က အကောင်းဆုံး ကြိုးစားပြီး လုပ် ဆောင်မှာပါ” လို့ ဟန်လေးက ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here