အခုက မိန်းကလေးအချင်းချင်းသွားလည်းအဆင်မပြေဘူးခင်ဝင့်ဝါ

0
364

အလှမယ်တစ်ယောက်အဖြစ်မှ သရုပ် ဆောင်လောကသို့ ခြေလှမ်း ခပ်သွက်သွက် ဖြင့်ဝင်ရောက်လာခဲ့ပြီး ပရိသတ်ကြီးရဲ့ တစ်ခဲ နက်ချစ် ခင်အား ပေးမှုကို ရရှိထားသူ က တော့ခင်ဝင့်ဝါပဲဖြစ်ပါတယ်။ စက်တင် ဘာ လ ၂၁ရက်နေ့မှာတော့ ခင်ဝင့်ဝါတစ် ယောက်အသက် ၂၄နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၄နှစ်ပြည့် မွေးနေ့ မှာဘုန်း တော်ကြီးပညာသင်ကျောင်းရှိ ကေ လးငယ်များဆီသို့ အလှူသွားရောက်ပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး…

”ညီမအနေနဲ့ တကယ်လိုအပ်တဲ့ နေရာမှာ လှူဒါန်းခွင့်ရတဲ့အတွက် တအား ဝမ်းသာတယ်။ ကလေးတွေရဲ့ တစ်နေ့တာ၊ ကလေးတွေရဲ့ လိုအပ်ချက်တွေ၊ လိုအပ်တဲ့ ပစ္စည်းလေးတွေ လှူဒါန်းခွင့်ရတဲ့အတွက် တအားပီတိဖြစ် တယ်။ ရယူလိုခြင်း မရှိဘူး။ ကိုယ်ကမေတ္တာ တရားနဲ့ ဒီလိုမျိုး လှူဒါန်းခွင့်ရတဲ့အတွက် လည်းပီတိဖြစ်တယ်” လို့ ခင်ဝင့်ဝါက ပြောပါတယ်။

အခုလတ်တလောမှာ မဂ္ဂဇင်း ကာဗာတွေ၊ အလှဓာတ်ပုံတွေ၊ ကြော် ငြာတွေရိုက် ကူးဖြစ်နေပြီး ဖိတ်ကြား တဲ့ ပွဲတွေကိုတက်ဖြစ်နေတယ်လို့ လည်းပြောပြခဲ့ပါသေးတယ်။ သူငယ် ချင်းဖြစ်သူ ဝိုင်းလေးနဲ့ မိန်းကလေး ချင်းချစ်ကြိုက်နေတယ်လို့ အထင်အမြင် လွဲမှားခံနေရတာနဲ့ ပတ်သက်ပြီး ခင်ဝင့် ဝါက…

”အခုက ခေတ်တွေ ပြောင်း လဲလာ တယ်လေ။ အရင်တုန်းက မိန်းကလေး အချင်းချင်း သွားရင် ဘာမှမဖြစ်ဘူးလေ။ အခုနောက် ပိုင်းမိန်းကလေးအချင်းချင်း သွား လည်း အဆင်မပြေဘူး။ ယောက်ျားလေး အချင်း ချင်းသွားလည်း သမီးရည်းစားလို့ ထင်နေ ကြတဲ့ခေတ်မှာ အခုလိုမျိုး သူငယ်ချင်း နှစ်ယောက် တပူးပူးတတွဲတွဲ မြင်နေရတာကို တစ်မျိုးထင်နေကြတာပါ။ ခဏခဏဖြေနေရလို့ မဖြေချင်တော့လောက် အောင်ဖြစ်နေ ပြီ” လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here