စိုင်းစိုင်းခမ်းလှိုင် အတွက်အံ့သြဝမ်းသာဖြစ်ရတယ်ပိုးမမှီသာ

0
399

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘သိင်္ဂါရ’ သီချင်းမှာ တက္ကသိုလ်ကျောင်း သူ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရာမှပရိသတ်တွေ စတင် သတိထား မိလာသူကတော့ ပိုးမမှီသာပဲဖြစ်ပါတယ်။ အခု လတ် တလောမှာတော့ ကြော်ငြာ၊ ပြက္ခဒိန်နဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်နေ တယ်လို့ သိရပါတယ်။ အနုပညာ လောကထဲ စတင်ခေါ်လာခဲ့သူ လည်းဖြစ်၊ ဆရာတစ်ယောက် လည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ဖျော်ဖြေပွဲလက်မှတ်တွေတစ်နာရီ အတွင်းရောင်းကုန်သွားတဲ့ အတွက် အလွန်ပဲ အံ့သြတုန်လှုပ်စေပြီး ဝမ်းသာပီတိဖြစ်ရတယ်လို့ ပိုးမမှီသာက ပြောပါတယ်။

စိုင်း စိုင်း ခမ်းလှိုင်ဆီကနေအနုပညာနဲ့ ပတ်သက်တာတွေ၊ အတွေး အခေါ် ပိုင်းနဲ့ ပတ်သက်တာတွေကို အမြဲတမ်းပညာယူနေရတယ်လို့ ပိုးမမှီသာကပြောပါတယ်။ အနုပညာ နဲ့ ပညာရေး ယှဉ်လာတဲ့အခါ ပညာရေးဘက်ကိုပဲ ဦးစားပေးလုပ်သွားဖြစ်မယ်ဆိုတာကိုလည်း ပိုးမမှီသာက…

”ညီမကိုယ်တိုင်လည်း ဝေခွဲရခက်တယ်။ ဆရာဝန်အလုပ် ဆိုတာလည်း ညီမကိုယ်တိုင် တကယ်ဖြစ်ချင်လို့ ကြိုးစားပြီးတော့ ဆေးကျောင်းတက်နေတဲ့ သူဖြစ်တဲ့အတွက် စွန့်လွှတ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးပေါ့။ ဒီ၇နှစ်စလုံး ရင်းနှီးထားတဲ့ပညာကိုလည်း ညီမ တအား နှမြောတယ်။ ဒီဘက်က အနုပညာအလုပ်ကကျတော့လည်း ကိုယ့်ကို အားပေးကြတဲ့ ချစ်တဲ့ ပရိသတ်တွေရှိလာတဲ့အခါ ကျ တော့ တအား ဝမ်းသာ တယ်။ ပရိသတ်ကြီးကိုလည်း ညီမလက်မ လွှတ်နိုင်ဘူး။ ဒါပေမဲ့ ညီမ သေသေချာချာလေးလေ့လာသင်ယူ ထားတဲ့ ဆေးပညာကို လည်းညီမ မြတ်မြတ်နိုးနိုး နဲ့ အသက်မွေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အချိန်တိုအတွင်းမှာသူ့ကိုချစ်ပြီး အားပေးကြတဲ့ ပရိသတ်ကြီး ကိုလည်းကျေးဇူးအများကြီး တင်ကြောင်း လည်း ပိုးမမှီသာက ပြောပြခဲ့ပါသေးတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here