အသားအရေ ထိန်းသိမ်းပုံကိုSuzyပြောပြ

0
204

Marie Claire မဂ္ဂဇင်းဟာ မကြာခင်က Suzy နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပရိသတ်ထံ ချပြခဲ့ပါတယ်။

မင်းသမီးက အနီရောင်၊ ပန်းရောင်၊ ကြက်သွေးရောင် နှုတ်ခမ်းနီ တွေနဲ့လန်းနေခဲ့ပြီး သူဝတ်ဆင်ထားတဲ့ ဖက်ရှင်ဒီဇိုင်းကလည်း တစ်မူ ထူးခြားနေပါတယ်။ ဓာတ်ပုံရိုက်ကူးနေရင်း သူ့ရဲ့ အသားအရေ ထိန်း သိမ်းပုံလေးကိုလည်း ဝေမျှခဲ့ပါတယ်။

သူက မျက်နှာကို မကြာခဏ ပေါင်းတင်ပေးပြီး မျက်နှာကို လက်နဲ့ မထိဘဲ မျက်နှာ အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ပစ္စည်းလေးတွေ ကိုပဲ အသုံးပြု သလိုမျက်နှာသစ်ရင် Brush ကို သုံးပြီး မိတ်ကပ်လိမ်းရင် လည်း Blender လေးကို သုံးပါ တယ်။

ကဲ မျက်နှာမှာအရေးအကြောင်း ကင်းပြီး Suzy လို လှပဖို့ ဆိုရင် မျက်နှာကို လက်နဲ့ ခဏခဏ မကိုင်တွယ်မှ ရမယ်နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here