စက်တင်ဘာ ၂၃ ရက်နေ့က ကောလာဟလများကို Jeon So Mi တစ်ယောက် အတည်ပြုပေးခဲ့ပါတယ်။
Jeon So Mi ဟာ The Black Label နဲ့ လက်တွဲလုပ်ကိုင်ဖို့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်ချုပ်ဆိုပြီးချင်း မီဒီယာတွေကို သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါဟာ ပထမဆုံး JYP ရဲ့ အနုပညာရှင်က YG နဲ့ လက်တွဲတာပါ။ ပရိ သတ်တွေကလည်း IOI အဖွဲ့ဝင်ရဲ့ ရှေ့ဆက်အနုပညာလှုပ်ရှားမှုတွေကို ရင်ခုန်နေကြပါတယ်။
The Black Label ရဲ့ Teddy က အောင်မြင်တဲ့ အမျိုးသမီးအဆိုတော်များစွာကို မွေးထုတ်ပေးနိုင်သူတစ်ဦးပါ။
Jeon So Mi ကိုလည်း ဘယ် လို ပြုစုပျိုးထောင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။