ဘဝတစ်လျှောက်လုံး အနုပညာနဲ့ပဲ ရပ်တည်လာသူစိုင်းစိုင်းခမ်းလှိုင်

0
162


ဆယ်စုနှစ်များစွာတိုင် ပရိသတ် တွေရဲ့အားပေးမှု ရရှိထားသူက စိုင်းစိုင်းခမ်းလှိုင်ပါ။ အောက်တိုဘာ ၁၄ ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ့် ‘ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း’ ဖျော်ဖြေပွဲရဲ့ လက်မှတ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ရောင်းချရာ တစ်နာရီအတွင်းမှာပဲ လက်မှတ်အားလုံး ကုန်သွားခဲ့ပါ တယ်။ လက်မှတ်မရတဲ့ ပရိသတ်တွေအတွက် ဖျော်ဖြေပွဲကို တစ်ရက်ထပ်တိုးနိုင်ဖို့ တိုင်ပင်ခဲ့ပေမယ့်လည်း အဆင်မ ပြေတဲ့အတွက် ထပ်မတိုးဖြစ်တော့ ပါဘူး။ ဖျော်ဖြေပွဲပြီးတာနဲ့ အခွေထွက်နိုင်အောင် ကြိုးစားသွားမယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။ အခုလိုအား ပေးတဲ့ ပရိသတ်တွေကို ရင်ထဲမှာ အမြဲထည့်ထားပါတယ်လို့ ဆိုတဲ့ စိုင်း စိုင်းခမ်းလှိုင်က …

”ကျွန်တော့်ဘာသာနဲ့ ကျွန်တော် ဂီတပဲဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် အနုပညာကို ကျွန်တော်ဘယ်လောက်ပဲ ရူးသွပ်ရူးသွပ် ပရိသတ်က အားမပေး ဘဲနဲ့တော့ အကြာကြီးမလုပ်နိုင်ပါ ဘူး။ ပရိသတ်တွေရဲ့ အားပေးပံ့ပိုးမှု နဲ့ ကျွန်တော်ပွဲလုပ်နိုင်တာပါ။ အမျိုး သားဇာတ်ရုံမှာ ပွဲလုပ်တယ်ဆိုတာ အရိုးသားဆုံးပြောရရင် အနည်းဆုံး အမျိုးသားဇာတ်ရုံကို ပိုက်ဆံပေးပြီး ငှားရပါတယ်။ တီးဝိုင်းစရိတ်တွေ ရှိမယ်။ အစစအရာရာရှိမယ်။ ဒီပွဲ တစ်ခုလုပ်မယ်ဆိုရင် ကိုယ့်ဘာသာ ကိုယ် အိတ်စိုက်ပြီး လုပ်မယ်ဆိုရင် တစ်ပွဲပေါ့။ နှစ်ပွဲပေါ့။ ဒါပေမဲ့ ကျွန် တော့်ပရိသတ်တွေက ကျွန်တော့်ပွဲ တွေကို အမြဲတမ်းလက်မှတ်တွေ ဝယ် ပြီး ကြည့်ကြတယ်။ သူတို့ဝယ်ကြည့် တဲ့ လက်မှတ်တွေနဲ့ ကျွန်တော်ပွဲတွေ ကိုဆက်ပြီး လုပ်နိုင်တယ်။ ဒါ ဥပမာ တစ်ခု ပြောပြတာပါ။ ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ အနုပညာနဲ့ပဲ ရပ်တည်လာတာဖြစ်ပါတယ်။ ကျွန် တော့်ဘဝ တစ်လျှောက်လုံးမှာ ကျွန် တော်အနုပညာဆက်လုပ်နေခွင့်၊ ရုပ် ရှင်ရိုက်ခွင့်၊ အခွေထပ်ထုတ်ခွင့်၊ သီ ချင်းထပ်ရေးခွင့်၊ ပွဲတွေထပ်လုပ်နိုင် ခွင့်ရနေအောင်လို့ ကျွန်တော့် ပရိ သတ်တွေက အစဉ်တစိုက် အားပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော့် သီချင်းတွေကို သူတို့အလကား မယူ ပါဘူး။ ကျွန်တော့်သီချင်းတွေကို သူ တို့ ဝယ်ပြီးတော့ အားပေးတာဖြစ်ပါတယ်။ ကျွန်တော့်ပွဲတွေကို သူတို့ အလကားလာမကြည့်ဘူး။ ကျွန်တော့် Birthday Show တွေကိုလည်း လက်မှတ်ဝယ်ပြီး လာကြည့်တာပါ။ ဝယ်ပဲကြည့် ကြည့်ဘယ်လိုပဲအားပေးအားပေး၊ ဒီအားပေးမှုကြောင့် ဒီနေ့ဒီအချိန်မှာ ကျွန်တော်ပွဲလုပ်မယ် လို့ ကြေညာနိုင်တာပါ။ အဲဒီအချက် ကို ကျွန်တော့်ရင်ထဲမှာ အမြဲထည့် ထားပါတယ်။ ပရိသတ်တွေအားလုံး ကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here