နှစ်(၉၀၀) ပြည့် သရက္ခန် ဆင်းတုတော်များ

0
244

မကွေးတိုင်းဒေသကြီး ရေစ ကြိုမြို့နယ်၊ ဆင်ကြို့အရှေ့ လိုတရ သာရက္ခန်ဗုဒ္ဓရုပ်ပွားတော်မြတ်များ နှင့် စေတီတော် နှစ် ၉ဝဝ ပြည့် အကြို ဆန္ဒဘုန်းပြည့်ဗောဓိမဏ္ဍိုင် ဘုရားကျောင်းဆောင်၊ အရှင် ၁ဝဝဝ စေတီတော်မြတ်တို့အား ထီးတော် တင်ပွဲကို ဆင်ကြိုရွှေဂူဆရာတော် ဘဒ္ဒန္တစန္ဒိမာစရမထေရ်နှင့် ပခုက္ကူ ဝနိကဆရာတော်တို့ကြီးမှူး၍ ၁၃၈ဝ ပြည့်၊ ဒုတိယဝါဆိုလပြည့် ကျော် (၂) ရက် (၂ဝ၁၈ ခုနှစ်၊ ဇူလိုင် ၂၉) ရက် နေ့တွင် ကျင်းပခဲ့သည်။

ဆင်ကြို ရွှေဂူဘုရားတွင် ကိန်း ဝပ်တော်မူလျက်ရှိသော လိုတရ သရက္ခန်ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး အား သိကြားမင်းကုသိုလ်ပြုခဲ့သည့် သရက္ခန်ဗုဒ္ဓဆင်းတုတော် ၅ ဆူ အနက် တစ်ဆူဖြစ်သည်။

ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းတရားကြီးသည် အခြွေအရံတို့ နှင့်တကွ တိုင်းခန်းလှည့်လည်တော်မူ ရာ ကျွန်းဇမ္ဗူသပြေပင်သို့ ရောက် တော်မူသည်။ သိကြားမင်းသည် မင်း တရားကြီးကို ပုလဲအရောင်ရှိသော ကျောက်ကို ဆက်သရာ ဆင်းတုတော် ထုလုပ်ပြီး ရှင်ဖြူဘုရားဟု ဘွဲ့အမည် ဆက်ကပ်သည်။ ထို့အပြင် သိကြား မင်းသည် ဇမ္ဗူသပြေငုတ်ကိုဖြတ်၍ ဆက်သပြန်ရာ ဆင်းတုတော်ထုလုပ် ပြီး ရှင်လှဘုရားဟု ဘွဲ့အမည်ဆက် ကပ်သည်။

ထို့နောက် သိကြားမင်းသည် မြင့်မိုရ်တောင်၌ရှိသည့် အဝန်းဆယ် ယူဇနာက မွှေးသောသရက္ခန်အနှစ် တုံးနှင့်တကွ ဓာတ်တော်တစ်ဆယ့်နှစ် ဆူကို မင်းတရားကြီးအား ပေးအပ် ရာ ဆင်းတုတော်ငါးဆူ ထုလုပ်ကာ ဓာတ်တော်နှစ်ဆူစီကို ဌာပနာသည်။ ပထမသရက္ခန်၊ ဒုတိယသရက္ခန်၊ တ တိယသရက္ခန်၊ စတုတ္တသရက္ခန်၊ ပဉ္စ မသရက္ခန်ဟု အသီးသီးတံဆိပ်ခတ် နှိပ်တော်မူသည်။ သိကြားမင်းသည် ဝိသကြုံနတ်မင်းတို့ ထုလုပ်သည့် ဥာဏ်တော်တစ်တောင်ခန့်ရှိ ဇမ္ဗူ သပြေသားဆင်းတုတော် ငါးဆူကို ထပ်မံဆက်သပြန်သည်။ ထိုဇမ္ဗူ သပြေသားဆင်းတုတော်ငါးဆူကို လည်း ပထမသပြေရုပ်တုတော်၊ ဒုတိ ယသပြေရုပ်တုတော်၊ တတိယသပြေ ရုပ်တုတော်၊ စတုတÄသပြေရုပ်တု တော်၊ ပဉ္စမသပြေရုပ်တုတော်ဟူ၍ အသီးသီးဘွဲ့တံဆိပ်ခတ်သည်။ ပထ မသပြေရုပ်တုတော်၌ ပထမသရက္ခန် နှင့် ဓာတ်တော်နှစ်ဆူ၊ ဒုတိယသပြေ ရုပ်တုတော်၌ ဒုတိယသရက္ခန်နှင့် ဓာတ်တော်နှစ်ဆူစသည်ဖြင့် အစီအ စဉ်အတိုင်း ဌာပနာသွင်းသည်။ သရ က္ခန်ထူးစာ၊ သောက်စာအစအန၊ သပြေသားဆူးစာဆောက်စာ၊ ဗောဓိ သားဆူးစာဆောက်စာ အစအနများ ကိုပေါင်းစုကြိတ်ကာသရို့နယ်ပြီးလျှင် အမြတ်သုံးပါးစု ဘုရားဆင်းတုထု လုပ်၍ ဓာတ်တော်နှစ်ဆူကို ဌာပနာ သည်။ မြတ်ပေါင်း မဉ္စူဟု ဘွဲ့အမည် ဆက်ကပ်သည်။ သိကြားမင်းသည် ဟိမဝန္တာတော၌ ပေါက်သော ဆင် ရေသဏ္ဌာန်သစ်သားဖြင့် ဆင်ခံ ပလ္လင်များ ထုလုပ်ပြီး မင်းတရားကြီး အား ဆက်သဖြစ်သည်။

သိကြားမင်းသည် ဆင်ရေတစ် ဆယ့်ငါးစီးရှိသော ပထမပလ္လင်ပေါ် တွင် ပထမသရက္ခန်၊ ဆင်ရေ တစ်ဆယ့်လေးစီးရှိသော ပလ္လင်ပေါ် တွင် ဒုတိယသရက္ခန် ဆင်ရေတစ် ဆယ့်သုံးစီးရှိသော ပလ္လင်ပေါ်တွင် တတိယသရက္ခန်၊ ဆင်ရေတစ်ဆယ့် နှစ်စီးရှိသော ပလ္လင်ပေါ်တွင် စတုတ္တ သရက္ခန်၊ ဆင်ရေတစ်ဆယ့်တစ်စီးရှိ သော ပလ္လင်ပေါ်တွင် ပဉ္စမသရက္ခန်၊ ဆင်ရေဆယ်စီးရှိသော ပလ္လင်ပေါ် တွင် မြတ်ပေါင်း မဉ္စူဘုရားစသည် ဖြင့် အသီးသီးကမ္ပည်းကိုက်ညီအောင် စံပယ်တော်မူရန် စီစဉ်လေသည်။

အလောင်းစည်သူမင်းတရား ကြီးသည် ယင်းဆင်းတုတော် ၈ ဆူ ကို လှေယာဉ်စကြာထက်၌ သင့်တင့် စွာစံပယ်စေရန် စီစဉ်ပြီး ပေါက္ကံပြည် သို့ ပြန်ကြွတော်မူသည်။ စစ်ကိုင်းမင်း ဝံတောင်ခြေရင်း စခန်းသို့ ရောက် လျှင် သောတပန်နတ်ကြီး၏ တောင်း ဆိုမှုကြောင့် ရှင်ဖြူရှင်လှဘုရားနှစ်ဆူ ကို သက္ကရာဇ် ၄၈ဝ ပြည့်နှစ်တွင် စစ် ကိုင်းမင်းဝံတောင်ထိပ်၌ ဂူတည်ပြီး ဌာပနာသွင်းပွဲ ကျင်းပတော်မူသည်။

ထိုမှတစ်ဖန် ပခုက္ကူမြို့နယ် ရေ စကြိုမြို့နယ် တောင်မကြီး၏ အရှေ့ ဘက်ကျွန်းသို့ ဆိုက်ရောက်ခဲ့သည်။ မင်းကြီးသည် ပထမသရက္ခန်ဆင်းတု တော်ကို နာဂဗလဆင်တော်ထက် တင်ကာ အဓိဋ္ဌာန်ဖြင့် လွှတ်လိုက် သည်။ ဆင်တော်သည် ဣဒ္ဓိဝိဒ တောင်ကုန်းမြေ၌ နှာမောင်းတင်၍ ရပ်လေသည်။ ဤအရပ်သည် ဂေါ တမမြတ်စွာဘုရားနုစဉ်အခါအောက် ချင်းငှက်ဘဝ၌ နေထိုင်ရာအရပ်ဖြစ် သည်။ မင်းကြီးသည် ယင်းဣဒ္ဓိဝိဒ တောင်ကုန်းပေါ်၌ ဂူတိုက်တည် တော်မူ၍ သက္ကရာဇ် ၄၈ဝ ပြည့်နှစ် နယုန်လဆန်း ၁၂ ရက်နေ့တွင် ပထမသရက္ခန်ဆင်းတုတော်ကို ဌာပ နာပွဲကျင်းပတော်မူသည်။ မင်းကြီး သည် ငါတို့အရှင်သခင်ကိုယ်တော် မြတ်ကြီး ဤလိုဏ်အတွင်း၌ ကိန်း ဝပ်တော်မူမည်ဟု မိန့်တော်မူသည်ကို အစွဲပြု၍ စည်သူအရှင်၊ စည်သူသ ခင်ဟု တွင်လေသည်။ ယခုအခါ ပခန်းကြီးမြို့စည်သူရှင်ဘုရားဟု ထင်ရှားလျက်ရှိပေသည်။

ထို့နောက် ဒုတိယဆင်းတုတော်၊ တတိယဆင်းတုတော်၊ စတုတ္တဆင်း တုတော်နှင့် ပဉ္စမဆင်းတုတော်တို့ကို ဆင်လေးစီးပေါ်တင်၍ အဓိဋ္ဌာန်ဖြင့် တစ်ပြိုင်နက်လွှတ်လေသည်။ ပဉ္စမ ဆင်းတုတော်တင်ထားသောဆင်သည် ထွက်ခွာခြင်းမပြုဘဲ ရပ်တန့်မြည် ဟီးနေသည်။ ထိုအခါ ပညာရှိတို့က မြစ်ညာအလယ်ကျွန်းရောက်စဉ်က တောကြက်ဖသည် ဖောင်တော်ထက် ၌ ဥလိုဟန် သောတပန်နတ်ကြီး သည် နိမိတ်ပြသည်ဟု လျှောက်တင် ကြသဖြင့် ယင်းပဉ္စမသရက္ခန်ဆင်းတု တော်နှင့်အတူ မြတ်ပေါင်းမဉ္စူဆင်း တုတော်နှစ်ဆူကို ဖောင်တော်ပေါ်၌ ပင် ကိန်းဝပ်စံပယ်စေရန် စီစဉ်စေ သည်။

စတုတ္တသရက္ခန်ဆင်းတုတော် တင်ထားသော နာဂရန်ရှောင်ဆင် တော်သည် ဂေါတမမြတ်စွာဘုရား လောင်း ရွှေဟင်္သာငှက်ဘဝနေထိုင် ရာ နေရာသို့ရောက်လျှင် ကျိုးဟန် ပြုနေသည်။ မင်းကြီးသည် ယင်းနေ ရာ၌ ဂူတိုက်ဆောက်စေပြီး သက္က ရာဇ် ၄ဝဝ ပြည့်နှစ် တပို့တွဲလတွင် လိုဏ်သွင်းပွဲကျင်းပ ပူဇော်တော်မူ သည်။ ဆင်ကျိုးဟန်ပြု၍ လိုဏ်သွင်း ရသော အရပ်ဖြစ်၍ ဆင်ကျိုးရွှေဂူ ဟု တွင်လေသည်။ ထိုမှတစ်ဆင့် ယခုအခါ ဆင်ကြို့ရွှေဂူဘုရားဟု ထင်ရှားနေသည်။

သရက္ခန်ဒုတိယဆင်းတုတော် တင်ထားသော ဆင်တော်နာဂရွှေ ကြီးသည် ဧရာဝတီမြစ်၏ မြောက် ဘက်ကမ်းပိုက်ကွန်ရွာတောင်တော် တွင် ဖီလာတန့်တစ်နေသည်။ ထို့ အပြင် တောချုံကို လက်မောင်းတန်း လျက်နေသည်။ ယင်းနေရာသည် မြတ်စွာဘုရားလောင်း ရွှေငါးကြင်း ဘဝပျော်စံရာဖြစ်ပြီး သီရိဓမ္မာသော ကမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အရှေ့ဘက်မုခ်လှည့်စေတီတော် ကိန်းဝပ်တော်မူသည့် အရပ်ဖြစ်၏။ မင်းကြီးသည် ယင်းစေတီတော်ကို ဖြို ဖျက်၍ မြောက်အရပ်သို့ လူတိုက် လိုဏ်ဝထုတ်၍ တည်စေပြီးလျှင် သက္ကရာဇ် ၄၈၁ ခုနှစ်၊ ကဆုန်လ တွင် ဒုတိယသရက္ခန်ဆင်းတုတော် ကို လိုဏ်သွင်းပွဲကျင်းပပူဇော်တော် မူသည်။ ဆင်တော်နာဂရွှေကြီးမသွား ဘဲ တန့်အစ်နေသည်ကို အစွဲပြု၍ ဆင်တန့်အစ်ဟု ခေါ်ဆိုကြသည်။ ကာလရွေ့လျားလာသောအခါ ‘ရွှေ တန့်တစ်’ ဟု ခေါ်ဆိုကြသည်။ ရွှေ တန့်တစ်ရွာ သည် ပခုက္ကူမြို့နှင့် အရှေ့ဘက်သုံး မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။ ရွှေတန့်တစ်စေတီ တော်သည် ယနေ့ တိုင်တင့်တယ် သပ္ပါယ်စွာ ကိန်းဝပ်တော်မူလျက်ရှိ သည်။

နောက်ဆုံးဆင်တော်နာဂရန် နှိမ် ဆင်သည် ပခန်းကြီးမြို့ရှိ တောင် မကြီး၏ အရှေ့မျက်နှာ၌ နှာမောင်း မော့၌ ရပ်လေသည်။ မင်းကြီးသည် ယင်းတောင်ထိပ်ရှိ သီရိဓမ္မာသောက မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မုဋ္ဌောစေတီတော်ကို တွေ့ရှိ၍ ထပ် မံဂူလိုဏ်တည်ဆောက်ကာ သက္က ရာဇ် ၄၈၁ ခုနှစ်၊ တန်ဆောင်မုန်း လတွင် တတိယသရက္ခန်ဆင်းတု တော်ကို လိုဏ်သွင်းပွဲကျင်းပပူဇော် သည်။ တောင်စေကြီးကို အစွဲပြု၍ ရှင်မတောင်ကိုယ်တော်ကြီးဟုတွင် သည်။ ယခုအခါ ရှင်မတောင်ဘုရား သည် ပခန်းကြီးစည်သူရှင်လိုဏ်၌ ပင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိ သည်။

မင်းကြီးသည် ပဉ္စမသရက္ခန် ဆင်းတုတော်နှင့် မြတ်ပေါင်း မဉ္စူ ဘုရားများကို မြစ်ညာရေလယ်ကျွန်း သို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။ ထို့ နောက် မြတ်ပေါင်းမဉ္စူဘုရားကို နာ ဂရန်ကုန်ဆင်မယဉ်သာပေါ်တင်၍ လွှတ်လိုက်ရာ ဆင်မယဉ်သာသည် မြောက်အရပ်ရှိ အရိယဓမ္မဿဓမ္မရာ သီအရှင်သူမြတ်၏ ကျောင်းလှေကား ဦး၌ ရပ်လေသည်။ မင်းကြီးသည် ဥ မင်လိုဏ်တည်စေပြီး သက္ကရာဇ် ၄၈၁ ခုနှစ် ပြာသိုလတွင် လိုဏ်သွင်း ပွဲကျင်းပ ပူဇော်လေ၏။ ယခုအခါ မြတ်ပေါင်းမဉ္စူဘုရားသည်လည်း ပခန်းကြီးမြို့ စည်သူရှင်ဘုရားလိုဏ် တော်အတွင်း၌ပင် ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည်။

မင်းကြီးသည် မြစ်ညာသို့ ဆက် လက်ဆန်တော်မူခဲ့ရာ ဂေါတမမြတ် စွာဘုရားလောင်း ခြင်္သေ့မင်းဘဝနေ ခဲ့ရာ အရပ်ဖြစ်ပြီး သီရိဓမ္မာသောက မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စေတီတော်တစ်ဆူကိန်းဝပ်လျက်ရှိ သည့် ရေလယ်ကျွန်း ကျွန်းထောက် စခန်းသို့ ဆိုက်ရောက်သည်။ သီရိဓ မ္မာ သောကမင်းကြီး၏ စေတီတော်ကို ထပ်မံတည်လုပ် လိုဏ်ထုတ်စေပြီး သက္ကရာဇ် ၄၈၂ ခုနှစ်တွင် ပဉ္စုမသရ က္ခန်ဆင်းတုတော်ကို လိုဏ်သွင်းပွဲ ကျင်းပပူဇော်သည်။ ဘုရားလောင်း ခြင်္သေ့မင်းပျော်စံရာ သီဟတောကို အစွဲပြု၍ အညာသီဟတောဟုဆိုကြ သည်။ ယခုအခါ ပဉ္စမသရက္ခန်ဆင်း တုတော် အညာသီဟတောဘုရား သည် အလောင်းစည်သူမင်းကြီး၏ သားတော်မင်းရှင်စေတည်ထားသည့် မန္တလေးမြို့ ရွှေကျီးမြင့်စေတီတော် လိုဏ်အတွင်း၌ ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည်။ ရွှေကျီးမြင့်စေတီ တော်သည် မန္တလေးမြို့အနောက် တောင်၊ အောင်မြေသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၄ လမ်းထောင့်တွင် တင့် တယ်ရွှန်းပစွာ ကိန်းဝပ်တော်မူလျက် ရှိသည်။

သို့ပါ၍ မကြာမီကျင်းပပူဇော် တော့မည့် အလောင်းစည်သူမင်းကြီး ထံ သိကြားမင်းဆက်သသည့် ရေစ ကြိုမြို့နယ်၊ ဆင်ကြိုအရှေ့၊ လိုတရ သရက္ခန်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များနှင့် စေတီတော်နှစ် ၉ဝဝ ပြည့်ပွဲတော်လာ ရှင်လူအပေါင်းတို့ သရက္ခန်ဆင်းတု တော်များ၏ သမိုင်းကို ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြစေရန် ရည်သန်တင်ပြ လိုက်ရပါသည်။

မြတ်မင်းလှိုင်

မှီငြမ်း
အရှင်ပညာဝံသ B.A ဓမ္မာစရိယ
ရှာဖွေတင်ပြသည့် ပခုက္ကူရွှေတန့်တစ်
သရက္ခန်ဘုရားသမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here