ကျောကုန်းပေါ်တက်တူးထိုးကြတုန်းက ဆိုခဲ့ဖူးတဲ့ သစ္စာစကားတွေ

0
224

လက်​မခိုင်​​တော့ရင်
လက်​ဖဝါးနဲ့ဓားကို တွဲချည်ပြီး
တိုက်​ပွဲကို ဆက်​တိုက်​ရမှာပဲ။

ထိုးမယ်​ဆိုပြီး
ကြိုးဝိုင်းထဲ ဝင်​ပြီးကတည်းက
ရင်​ဘတ်​ထဲမှာ’သတ္တိ’လို့
စာတန်း ထိုးပြီးသား။

တစ်​ဖက်​ရန်​သူရဲ့ ဝိုက်​လက်​သီးက
အခန့်​မသင့်​လို့ ငါ့​မေးရိုးဆီ
တိုးဝင်​သွားတဲ့အခါ
ငါ ​ခေါင်းမူးမယ်​/မျက်​စိပြာမယ်​/
ဒယီးဒယိုင်​ဖြစ်​မယ်​/​ဝေဝါးမယ်​။

အား​လျှော့လို့​တော့ မဖြစ်​ဘူး
ဒိုင်​လူကြီးရဲ့ အမှတ်​စဉ်
ရေတွက်​သံကို နားထောင်
စိတ်​ကို တည်​ငြိမ်​​အောင်​ထိန်း
ဒယီးဒယိုင်​နဲ့
နံပါတ်​ ၁ဝ မ​ရောက်​ခင်​ လူးလဲထရမယ်​။

ငါတို့က
လက်​မခိုင်​​တော့ရင်​​တောင်
လက်​ဖဝါးမှာ ဓားကို တွဲချည်​ပြီး
ဆက်​လက်​ တိုက်​ပွဲဝင်​မယ့်​သူ​တွေ
ဘယ်​​တော့မှ အားမ​လျှော့ဘူး။

ယံဇငြိဏ်း


LEAVE A REPLY

Please enter your comment!
Please enter your name here