မိုရီဆာကီဝင်းအား စာပို့သင်္ကေတ Ambassador အဖြစ်​ ခန့်​အပ်

0
218

ဂျပန်​အပြည်​ပြည်​ဆိုင်​ရာ ပူး ပေါင်းဆောင်​ရွက်​ရေးအေဂျင်​စီ (JICA) နှင့်​ မြန်​မာ့စာတိုက်​တို့မှ ကြီး မှူးပြီး နေပြည်​တော်​၊ ရန်​ကုန်​၊ မန္တလေး တိုင်းဒေသကြီး သုံးခု၏ စာပို့သင်္ကေ တ အသိပညာဝေငှခြင်းနှင့် မိုရီဆာ ကီဝင်းအား စာပို့သင်္ကေတ Ambassador အဖြစ် ခန့်အပ်ခြင်း အခမ်း အနားကို စက်​တင်​ဘာလ ၂၃ ရက်​နေ့က ရန်ကုန်မြို့ကမ်းနားလမ်းရှိ မြန်​မာ့စာတိုက်​ကြီးတွင်​ ကျင်းပပြု လုပ်​ခဲ့သည်​။

အခမ်းအနားတွင်​ ​မိုရီ ဆာကီဝင်းက သီချင်းသီဆိုဖျော်​ဖြေ ခဲ့ပြီး ကျောင်းသားကျောင်းသူများ ကလည်း ပို့စကတ်များတွင် ​စာပို့ သင်္ကေတအားအသုံးပြုပုံကို ပြသပေး သွားခဲ့သည်​။ စာပို့သင်္ကေတဆိုင်​ရာ ဗဟုသုတကြွယ်​ဝခြင်းဖြင့်​​ ပိုမိုကောင်း မွန်​သော စာပို့လုပ်​ငန်းဖြစ်​လာစေရန်​ ရည်​ရွယ်​ပြီး တိုင်းဒေသကြီးသုံးခု အတွက်​ JICA သည်​ တိုင်းဒေသကြီး သုံးခု၏ စာပို့လုပ်​ငန်းတိုးတက်​လာ စေရန်​ မြန်​မာ့စာတိုက်​အား ကူညီ ဆောင်​ရွက်​ပေးနေကြောင်းသိရ သည်​။

 

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ – ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here