‘Masterpiece’ MV ရောင်းရငွေထဲက ကျပ်သိန်း ၂ဝ ဖိုး အလှူဒါနပြုခဲ့တဲ့ ပိုပို

0
135

အဆိုတော် ပိုပိုကတော့ စက် တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေး ရွာရှိ မဟာဝိဟာရကျောင်းမှာ စာသင်၊ စာချ သံဃာအပါးတစ်ထောင် ကျော်အတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ပြီး အလှူဒါန ပြုလုပ်ခဲ့ပါ တယ်။ပရိသတ်တွေရဲ့ အလှူငွေတွေ၊ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြသူတွေ ကြောင့်လည်း အလှူက အောင်မြင် အထမြောက်ခဲ့ပါတယ်။

”ပိုအလှူတွေ အများကြီး လှူ ဖူးပါတယ်။ ဒီတစ်ခေါက် လှူရတာ စိတ်ချမ်းမြေ့စရာတော်တော်ကောင်း ပါတယ်။ သံဃာတော်တွေ၊ ကိုရင် လေးတွေက ဆွမ်းခံရင်းတောင် စာ အုပ်ကို လက်ကမချဘူး။ မျက်လွှာ လေးတွေချလို့။ တအားကို ကြည်ညို ဖို့ကောင်းပါတယ်။ ဒါပိုပိုတစ်ယောက် တည်းရဲ့ အလှူမဟုတ်ပါဘူး။ ဝိုင်း ဝန်းပံ့ပိုးပေးကြတဲ့ အလှူရှင်တွေ၊ ပရိသတ်တွေရဲ့ အလှူဖြစ်ပါတယ်” လို့ ပိုပိုကပြောပါတယ်။

သီးစုံရွှေရင်အေးအတွက် သီရိ မင်္ဂလာဈေးထဲကနေ ဒူးရင်းသီး၊ သရက်သီး၊ငှက်ပျောသီး၊ နဂါးမောက် သီး၊ ကန်စွန်းဥ၊ ပြောင်းဖူးစတာတွေကို ကိုယ်တိုင်သွားဝယ်ခဲ့တဲ့ ပိုပို့အနေနဲ့ သူအကြိုက်ဆုံးစီစဉ်ဖြစ်တာတွေထဲ မှာ ငါးပေါင်းရယ်၊ သီးစုံရွှေရင်အေး ရယ်က မပါမဖြစ်လို့ဆိုရမှာပါ။

”ရိုးရိုးရွှေရင်အေးတောင်မှ ကြိုက်ကြတာ။ သီးစုံကျတော့ ချို၊ အေး၊ မွှေးပေါ့။ သံဃာတော်တွေကို ဘုဉ်းပေးစေချင်လို့ပါ။ ပိုပိုက ကိုယ် ကြိုက်တာလေးတွေ ဖွယ်ဖွယ်ရာရာ ချက်တတ်တယ်။ နောက်ထပ် Favourite လေးတွေ လာဦးမှာပါ ” လို့ ပိုပိုကပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here