ပြင်သစ်နိုင်ငံက Paris Fashion Week ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့သူဝတ်မှုံရွှေရည်

0
167

ဘယ်အချိန်၊ ဘယ်နေရာမှာမဆို အမြဲတမ်း Fashion ကျပြီး လှပနေတဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်က L’ Oreal Paris နဲ့အတူ ပြင်သစ်နိုင်ငံမှာ စက်တင်ဘာလ ၂၇ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Paris Fashion Week ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

Paris Fashion Week မှာ နာမည်ကြီး ဒီဇိုင်နာတွေ၊ Bloggerတွေ၊ နိုင်ငံ တကာက နာမည်ကြီးအနုပညာရှင်တွေလည်း အများကြီး တက်ရောက်ခဲ့ကြပါတယ်။

Paris Fashion Week မှာ ဗဟုသုတတွေရခဲ့တဲ့အကြောင်းကိုလည်း ဝတ်မှုံရွှေရည်က….

”Make up look လေး တွေလည်း လေ့လာခွင့်ရတယ်။ နိုင်ငံ တကာက Blogger တွေ နာမည်ကြီး တွေနဲ့လည်း တွေ့ရတယ်ဆိုတော့ အတွေ့အကြုံတွေကတော့ အသစ် တွေဖြစ်ခဲ့တယ်။ Make up look တွေ၊ အဝတ်အစား Fashion နဲ့ ပတ်သက်တာတွေ သူတို့နေပုံထိုင်ပုံ သူတို့ Life Style တွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် ဗဟုသုတ တွေလည်း အများကြီးရတယ်လို့လည်း ပြောတယ်။ Paris Fashion Week ရဲ့ Offical Partner က L’Oreal ဖြစ်ပြီး L’Oreal Paris Myanmar နဲ့ အတူ တူသွား ရတဲ့အတွက် တအားလည်း ဝမ်းသာပါတယ်”လို့ ဝတ်မှုံ ရွှေရည်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here