မြန်မာသံစဉ်တွေကို လူငယ်တွေ နားဆင်စေချင်တဲ့စာရေးဆရာမဂျုး

0
231

အဆိုတော်ကြီး အေဝမ်းတင်တင်လှရဲ့ ဖျော်ဖြေပွဲကို စာရေးဆရာမဂျုးနဲ့ ဒေါက်တာနီလာသိန်းတို့က စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဖျော်ဖြေပွဲမှာလည်း ဆရာမဂျုးနဲ့ ဒေါက်တာနီလာသိန်းတို့ကလည်း ပါဝင်သီဆိုကြဦးမှာလည်း ဖြစ်ပါတယ်။ ဆရာမဂျုးအနေနဲ့ကတော့ ဂီတကို ငယ်စဉ်ကတည်း ဝါသနာပါခဲ့ ပြီး သူစိတ်တအားပင်ပန်းတဲ့အခါ တေးသီချင်းတွေကို နားဆင်လေ့ရှိခဲ့တယ် လို့ သိရပါတယ်။

”ကျွန်မရဲ့ စိတ်တွေကို ဂီတနဲ့ပဲ ခွန်အား၊ တွန်းအားအနေနဲ့ ပြန်ရခဲ့ တာပါ။ ဂီတဟာ ကိုယ်နဲ့တော့ မဆိုင်ဘူး။ ကိုယ်သည် ဂီတကို ဖန်တီးရလောက် အောင် အဆိုကောင်းတဲ့သူလည်း မဟုတ်ဘူး။ သီချင်းရေး ကောင်းတဲ့သူလည်း မဟုတ်ဘူး။ ကျွန်မနဲ့ ဂီတဟာဝေးတာပေါ့နော်။ ဒါပေမဲ့ သီချင်းတွေပြန်ပြီး တော့ဆိုတာ သီချင်းတွေ နားဆင်တာကတော့ ကျွန်မက အိမ်မှာလည်း ဒီလိုပဲ လုပ်နေကြလေ။ အခုပွဲမှာကကျတော့ အသက်လည်း နည်းနည်းကြီးလာပြီ။ မြန်မာဂီတကို အထူးသဖြင့် လူငယ်တွေကို မိတ်ဆက်ပေးချင်တယ်။ ကျွန်မတို့ ကတော့ မြန်မာမှု မြန်မာ့ဂီတ မြန်မာ့တူရိယာတွေနဲ့ တီးထားတဲ့ မြန်မာသံစဉ် တွေကို လူငယ်တွေကြားမှာ ပြန်ပြီးတော့ နားဆင်စေချင်တယ်။ အဲဒီအရသာကို သူတို့တွေ သိစေချင်တယ်။ အဲဒါ ကြောင့်မို့ ကျွန်မက စီစဉ်တာဖြစ် ပါတယ်”လို့ ပွဲစီစဉ်ဖြစ်ပုံနဲ့ ပတ် သက်လို့ ဆရာမဂျုးက ပြောပြပါ တယ်။

ဆရာမဂျုးက မြန်မာသံ အဆိုတော်ကြီးတွေရဲ့ တေးသီချင်း တွေ အပြင် ဇော်ဝင်းထွဋ်၊ လေးဖြူ နဲ့ Iron Cross တစ်ဖွဲ့လုံးရဲ့ တေး သီချင်းတွေကို သူကြိုက် တယ်လို့ ပြောပါတယ်။

”အခုဆို ရင် ဖြိုးပြည့်စုံကို ကျွန်မကြိုက် တယ်။ အောင်ထက်လည်း ကျွန်မ ကြိုက်တယ်။ အခု ခဏခဏ နား ဆင် ဖြစ်တာက ဝေလပေါ့” လို့ ဆရာမဂျုးက အခု လက်ရှိအဆို တော်တွေရဲ့ သီချင်းတွေကိုလည်း သူ နားထောင်ဖြစ်ပုံကို ပြောပြ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here