ရှေ့ ဆက် လုပ် ဆောင် မည့် လုပ် ငန်း စဉ် များ အ တွက် Ooredoo Myanmar နှင့် RITZ PCL တို့ သဘောတူလက်မှတ် ရေးထိုး

0
175


Ooredoo Myanmar နှင့် RITZ PCL တို့၏ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များအတွက် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဆူး လေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ် ခဲ့သည်။

”ကျွန်တော်တို့ ကုမ္ပဏီက ဆိုက် ဘာလုံခြုံရေးကို ဝန်ဆောင်မှုပေးတဲ့ ပထမဆုံးကုမ္ပဏီပါ။ ကျွန်တော်တို့ အခု Ooredoo နဲ့ Partnership လုပ်လိုက်တဲ့အတွက်ကြောင့်မို့ Cyber လုံခြုံရေးနဲ့ပတ်သက်တဲ့ ဝန် ဆောင်မှုကို ဒီထက်အများကြီး ထပ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။နောက်တစ်ခုက Ooredoo နဲ့ ပတ် သက်ပြီးတော့Ooredoo Network အပေါ်မှာ Cyber skill ဆိုင်ရာ ပြဿနာတွေ ဖြစ်တာကိုလည်း ဖြေ ရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု RITZ PCL မှ မန်နေး ဂျင်းဒါရိုက် တာ ဦးလင်းထွန်းက ပြော သည်။

အဆိုပါ အခမ်းအနားသည်Ooredoo မှပေးသောService များအား RITZ PCL နှင့် အတူတကွ ပူးပေါင်းကာ ပိုမိုကောင်းမွန်သော Service များအဖြစ် သုံးစွဲသူများအား ပေးနိုင်ရန်ရည်ရွယ်၍ နှစ်ဖက်သ ဘောတူလက်မှတ်ရေးထိုးခြင်း ဖြစ် ကြောင်း သိရသည်။ ယခုကဲ့သို့ ပူး ပေါင်းဆောင်ရွက်ခြင်းကြောင့် သုံးစွဲ သူများအတွက် ကုန်ကျစရိတ် ပိုမို သက်သာစေမည် ဖြစ်ပြီး ဝန်ဆောင် မှုများလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း Ooredoo Myanmar ၏ ဒါရိုက်တာဖြစ်သူ ဦးကျော်သူက ပြောသည်။

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here