Brand တွေပဲ ကိုင်​တယ်​လို့ဝေဖန်ခံနေရတဲ့အပေါ် နေခြည်ဦး ဘာပြောလဲ

0
133

နာမည်​ကျော်​ Beauty Blogger လည်းဖြစ်​၊ အနုပညာလောကမှာလည်း အားပေးသူပရိသတ်​တွေရရှိလာတဲ့ နေခြည်​ဦးကတော့ စက်တင်​ဘာလအတွင်းက ပြင်​သစ်​နိုင်​ငံမှာပြုလုပ်​တဲ့ Paris Fashion Week သို့ မြန်​မာနိုင်​ငံကိုယ်​စားပြုအနေနဲ့L’ Oreal Paris နဲ့အတူ တက်ရောက်​ခဲ့ပါတယ်​။ နေခြည်ဦးဟာ မကြာသေးမီက ဖေ့စ်ဘွတ်ခ်မှာ သူ့ရဲ့ အခန်းဖွဲ့စည်းပုံကို ပရိသတ်တွေဆီချပြခဲ့ပြီး အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြသခဲ့တဲ့အပေါ် ပရိသတ် တွေက စိတ်ဝင်တစားရှိခဲ့ကြပြီး ဝေဖန်မှုတချို့လည်းရှိခဲ့ပါတယ်။ နောက်ပြီး နေခြည်​ဦးက Brand တွေပဲ ကိုင်​တယ်ဆိုပြီး နာမည်​ကြီးသွားတဲ့အပေါ် ဘယ်လိုခံစားချက်မျိုးဖြစ်မိလဲဆိုတာ မေးမြန်းကြည့်တော့ နေခြည်ဦးက အခုလိုပြောပါတယ်။

”နေခြည်​က ဒီအတိုင်းပဲ ပြလိုက်​တာကို အခုလိုမျိုး နာမည်​ကြီးလာတော့ နေခြည်​ပေါက်​တာပေါ့ နော်။ အခုလိုမျိုး ဝေဖန်​တိုက်​ခိုက်​ကြတဲ့အပေါ် နေခြည်​စိတ်​လည်း မညစ်​ဘူး။ ကိုယ်​က Influencer တစ်​ယောက်​ဖြစ်တဲ့ အတွက်​ နေခြည့်​ကို အမြဲတမ်းကြည့့်နေမှဖြစ်​မှာလေ။ နေခြည့်​ကို မကြည့်​တော့ဘူး၊ Viewer ကျပြီဆိုရင်​ နေခြည်​မအောင်​မြင်​တော့ဘူးလေ”လို့ ပြောပါတယ်​။

နေခြည်ဦးက အောက်​တိုဘာလ ၁ဝ ရက်​နေ့မှာ ဒါရိုက်​တာ ကိုဇော်​(အရုဏ်​ဦး) ရိုက်ကူးမယ့် ‘အောက်​ဖဲမလှန်​ကြေး’ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိ တယ်လို့ သိရပါတယ်​။ ဇာတ်​လမ်းအမျိုးအစားက ဟာသရုပ်ရှင်ဇာတ်ကားပုံစံမျိုးလေးပါ။ အဲဒီရုပ်ရှင်ဇာတ် ကားမှာ ဝါရင့်​သရုပ်​ဆောင်​တွေနဲ့ သရုပ်​ဆောင်​ရမှာဖြစ်​တဲ့အတွက်​ တအားပျော်နေပြီး စိတ်တွေလည်း လှုပ်ရှား နေတယ်လို့ ဆိုပါတယ်။ ဟာသဇာတ်​ရုပ်​ကို သရုပ်​ဆောင်​ရမှာဆိုတော့ ဘယ်​လိုတွေပြင်​ဆင်​ထားလဲဆိုတာကို နေခြည်ဦးက –

”သူငယ်​ချင်းတွေကြားမှာလည်း နေခြည်​က ပေါတောတောနေတော့ အကုန်​လုံးကလည်း ချစ်​ကြတယ်။ သိပ်​မခက်​ဘူးလို့တော့ နေခြည်​ထင်​ပါတယ်​။ ဒါပေမဲ့ ရုပ်​ရှင်​ဖြစ်​တဲ့အတွက်​ ချက်​ချင်းရယ်ဆို ရယ်ရဲပါ့မလား၊ ချက်​ချင်းဟာသပြောဆို ပြောရဲပါ့မလားဆိုပြီး စိတ်​ပူတာပေါ့နော်။ ဒါပေမဲ့အတတ်​နိုင်​ဆုံးစိတ်​ကို Relax ထားတယ်​။ အကောင်းဆုံးပြင်​ဆင်​ပြီး သရုပ်​ဆောင်​သွားမှာပါ။ ကာရိုက်​တာက စပွန်​ဆာ အဘိုးကြီး တွေကို ရှာတဲ့ ကောင်​မလေးနေရာကဆိုတော့ ဟော့ဟော့ ရမ်းရမ်းလေးတော့ နေခြည်​ဝတ်​မှာပါ။ ဒါပေမဲ့ ရုပ်​ရှင်​ဇာတ်ကားကြီးဖြစ်​တဲ့အတွက်​ Brand တွေနဲ့ဆိုရင်​ Fashion နဲ့ပတ်​သက်​ပြီးတော့ သိပ်​မအပ်စပ်​​ဘူးလို့ ထင်တဲ့အတွက်​ ကာရိုက်​တာကို ပီပြင်​အောင်​ ဝတ်စားဆင်​ယင်​မှုကိုတော့ ဂရုစိုက်​မှာပါ”လို့လည်း နေခြည်ဦးက ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း ၊

ဓာတ်​ပုံ – အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here