ဝေဖန်ခြင်းနဲ့ နှိမ့်ချပြောဆိုခြင်းခံရတာတွေအပေါ် ရိုးသားစွာတုံ့ပြန်လိုက်တဲ့ ရွှေထူး

0
258


အနုပညာရှင်ဖြစ်တဲ့အခါကျတော့ အကောင်းပြောတာခံရသလို အဆိုးပြောတာလည်း ခံရတယ်။ ဆဲဆိုစကားတွေ၊ ဝေဖန်မှုတွေ၊ နှိမ့်ချပြောဆိုတာတွေစသဖြင့် စကားလုံးပေါင်းစုံနဲ့ နေ့စဉ်ရှုပ်ထွေးနေတဲ့ ဖေ့စ်ခ်ဘွတ်ခ်စာမျက်နှာထက်မှာဆိုရင် ပိုဆိုးပါတယ်။ ရွှေထူးတို့လို င်္သူသတနမျ များတဲ့ အနုပညာရှင်တွေဆိုရင် ဆဲဆိုစကားတွေကို ဥပေက္ခာပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး။

”ဝေဖန်တယ်ဆိုတာ ကျွန်တော်တို့ကိုကောင်းစေချင်လို့ဝေဖန်တာ။ နှိမ့်ချပြောဆိုတယ် ဆိုတာကတော့ ပြောတဲ့သူအပေါ်မှာပဲမူတည်တာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အရင် တုန်းကဆိုရင် ကျွန်တော့်ကိုလာပြီးပြောရင် ပြန်ပြီးတုံ့ပြန်တယ်။ နောက်ပိုင်းကတော့ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်ကျွန်တော်တို့ကောင်းကောင်း လုပ်ရမယ်။ ပြောတာကသူတို့အပိုင်း။ သူတို့မှာလည်းပြောပိုင်ခွင့်ရှိတယ်။ အဲဒီတော့ ကျွန် တော့်ကို အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ကျွန်တော်ကတော့ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရမှာပဲ” လို့ ရွှေထူးက သူ့အင်တာဗျူးမှာ ပြောပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိတတ်ကြပါတယ်။ ဘေးကကြည့်နေလို့ အမြင် တူချင်မှတူမှာပါ။ ရွှေထူးကတကယ်တော့ ပွင့်ပွင့်လင်းလင်းနဲ့ အင်တာဗျူးဖြေတတ်တဲ့ အနု ပညာရှင်တစ်ယောက်ပါ။ ပြီးခဲ့တဲ့ သူ့ရဲ့အသက် ၂၆ နှစ်ပြည့်မွေးနေ့မှာတုန်းက မေးမြန်း ဖြစ်ခဲ့စဉ် ”ကြားထဲမှာလည်း အကုန်လုံးသိတဲ့အတိုင်း ကျွန်တော့်ဘာသာ ကျွန်တော်စိတ်ကို ပြန်ပြင်ဆင်ရတဲ့အပိုင်းလေးတွေရှိတယ်။ ဒါဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်အပြစ်ပါ။ အားလုံးကျွန်တော့်အပြစ်လို့ပဲ ကျွန်တော်ခံယူတယ်။ ကျွန်တော် မကောင်းတာလို့ပဲ ကျွန်တော်ပြောချင်တယ်”လို့ ရိုးသားစွာပြော ပြပါတယ်။

အရွယ် ၃ ရွယ်ရှိတာ တစ်ရွယ်ကုန်သွားပြီပေါ့လို့ဆိုတဲ့ ရွှေထူး က သူ့ဘက်ကနေမားမားမတ်မတ် ရပ်တည်ပေးကြတဲ့ ပရိသတ်တွေ ကိုလည်း . . .

”ကျွန်တော့်ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်အထိကျွန်တော့်အကြောင်းကိုလည်း အ ကုန်လုံးသိကြတယ်။ ကျွန်တော်က လုပ်ချင်ရင်တစ်ဇွတ်ထိုးလုပ်တတ် တာဆိုတော့ ကျွန်တော့်ကို တော်တော်များများပြောကြတယ်။ အဓိက က သူတို့ချစ်တဲ့အဆိုတော် အပြောခံရတယ်ဆိုတော့ ဘယ်သူမဆိုတော့ မခံချင်ကြဘူးလေ။ ဒါပေမဲ့လည်း ကျွန်တော့်မျက်နှာကြောင့် သူတို့ငြိမ် ခံနေပေးတယ်။ ကျွန်တော့်ကို အခုချိန်အထိအားပေးနေသေးတယ်။ ကျွန် တော့်အနုပညာကိုအားပေးတဲ့ပရိသတ်တွေ သီးသန့်ကျန်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်အနုပညာကိုကြိုက်တဲ့ ပရိသတ် တွေအတွက် ကျွန်တော်အများကြီးကြိုးစားဦးမှာပါ။ အရင်ထက်သာလွန် ကောင်းမွန်တဲ့သီချင်းတွေ အများကြီးထုတ်သွားဦးမှာပါ။ ကျွန်တော့်အနုပ ညာကို ကြိုက်တဲ့ ပရိသတ်တွေအတွက်ပါ” လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here