ဝေဖန်သူတွေကတော့ ကိုယ့်ကိုပိုချစ်လို့ ဝေဖန်ပေးကြတာပါညီညီမောင်(စမ်းချောင်း)

0
286

 

‘သုသု’လို့ ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ကိုချစ်ကြတဲ့ Fan တွေရဲ့ အားပေးမှု ကြောင့် ကြော်ငြာတွေရိုက်ကူးရုံသာမက ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ပါ ကမ်းလှမ်းခံထားရသူပါ။ အဆိုပါ ရုပ်ရှင် ဇာတ်ကားမှာ သူငယ်ချင်းဖြစ်တဲ့ မိတ်ကပ်လင်းလင်း(တော်ဝင် သူ)အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ် ဆောင်ရမှာဖြစ်ပါတယ်။ သူကတော့ အချစ်ရေးမှာလည်း အပြန် အလှန်နားလည်မှုရှိတဲ့ချစ်သူကိုပိုင်ဆိုင်ထားသူပါ။ မကြာခင် မှာ အဲဒီချစ်သူနဲ့ အတူနေတော့မှာဖြစ်တဲ့အတွက် နှစ်ဖက် အသိုင်းအဝိုင်းကို အသိပေးတဲ့ပွဲတစ်ခုပြုလုပ်ဖို့ စီစဉ် နေကြောင်းကိုလည်း ညီညီမောင်(စမ်းချောင်း)က အခုလိုသတင်း စကားပြောကြားလာပါတယ်။

”အမှန်အတိုင်းပြောရရင်တော့ သုဘဝ မှာ ကိုယ်ကပဲလိုက်ချစ်ခဲ့ရတာများတယ်။ အခုက တော့ သူချစ်ကိုယ်ချစ်လိုမျိုးအချစ်ကိုရတဲ့အတွက်တအားလည်းဝမ်းသာတယ်။ ပြီးတော့ အချစ်ခံရတဲ့အရသာကိုသိလာတယ်။ နှစ်ဖက် စလုံးကတော့ သဘောမတူစရာအကြောင်းမရှိ ပါဘူး။ သုတို့နှစ်ယောက်စလုံးက ဘွဲ့ရပြီးသား ပါ။ မင်္ဂလာဆောင်မယ်လို့တော့ မဟုတ်ပါဘူး။ ဟိုဘက်သူငယ်ချင်းတွေ၊ ဒီဘက်သူငယ်ချင်း တွေနဲ့ ဟိုဘက်အမျိုး၊ ဒီဘက်အမျိုးသိအောင် လို့ အသိပေးတဲ့ပွဲလေးလုပ်ဖို့ရှိပါတယ်။ ဘာလို့ လဲဆိုတော့ သုတို့နှစ်ယောက်က အတူနေတော့ မှာဖြစ်လို့ပါ။ မင်္ဂလာဆောင်ဖို့ကတော့ ကြိုးစား ရပါဦးမယ်”လို့ ပြောပါတယ်။

အလှအပပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်မှု တွေ ပြုလုပ်ထားတဲ့ သူ့ကိုလှတယ်၊ မလှဘူးဆို တာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။ အဲဒီလိုဝေဖန်မှုတွေအပေါ် မှာ ဘယ်လိုသဘောထားလဲလို့ မေးမြန်းကြည့် တော့ . . .

”အလှအပနဲ့ပတ်သက်ပြီးတော့ ကိုယ့် ကိုယ်ကိုယ်တော့ လှတယ်လို့မခံစားရပါဘူး။ လှတယ်လို့ ပြောကြတာလည်း သုကိုချစ်တဲ့သူတွေက ချစ်တဲ့မျက်စိနဲ့ ကြည့်ကြတဲ့အတွက် လှတယ်လို့မြင်ကြတာပါ။ ဝေဖန်တဲ့ သူတွေကတော့ ချစ်တဲ့သူတွေထက်ကို ကိုယ့်ကိုပိုချစ်လို့ ဝေ ဖန်ပေးကြတာပါ။ ကျေးဇူးလည်းတင်ပါတယ်။ သူတို့တွေ အား ပေးကြလို့လည်း ပွဲတွေတက်ရတယ်။ ကြော်ငြာတွေလည်း ရိုက် ကူးရတယ်။ ပြီးတော့လုပ်ငန်းတွေမှာဆိုလည်း အထောက်အကူပြု ပါတယ်”လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here